နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးနေမှုနှင့် သဘာဝဓာတ်မြေဩဇာကြဲပက်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၂၂

မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုး နေမှုနှင့် Seeder ဖြင့် စိုက်ပျိုး ပြီးစီးခဲ့သည့် လယ်မြေအတွင်း သဘာဝဓာတ်မြေဩဇာ ကြဲပက် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် အုန်းနှဲကုန်း ကျေးရွာတွင် ဆောင်ရွက်ရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုန်းနှဲကုန်း ကျေးရွာ ဒေသခံတောင်သူများ နှင့်တွေ့ဆုံပြီး Seeder ဖြင့် စိုက်ပျိုးခြင်းသည် ကြဲပက် စိုက်ပျိုးခြင်းနှင့် ကောက်စိုက် သမများဖြင့် စိုက်ပျိုးခြင်းထက် အကုန်အကျ သက်သာခြင်း၊ တစ်ဦးတည်း ဆောင်ရွက်၍ရ ခြင်း၊ တစ်ဧကအထွက်နှုန်းတိုး ခြင်း၊ ဝင်ငွေရလမ်း ပိုမိုတိုးလာ ခြင်းနှင့် Seeder ဖြင့် စိုက်ပျိုး ခြင်းကြောင့် ရရှိမည့်အကျိုး ကျေးဇူးများကို ပြောကြားပြီး တောင်သူ ဦးခင်မောင်ချို၏ လယ်မြေငါးဧကတွင် ဘေးကြား တောင်ပျံမျိုးစပါး  Seeder ဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုကို လည်းကောင်း၊ တောင်သူ ဦးနေမျိုးမောင်၏ လယ်မြေ ၁၀  ဧကတွင် Seeder ဖြင့် စိုက်ပျိုးခဲ့ သည့် ဆင်းသုခမျိုးစပါးခင်း ကို သဘာဝဓာတ်မြေဩဇာ ကြဲပက် ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေး ကြသည်။

ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် များသည် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဒေသခံတောင်သူများ သိရှိ စေရန်ရည်ရွယ်၍ "ပြည်သူ အားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့" စာတန်းပါ ရှပ်အင်္ကျီနှင့် ဦးထုပ်များ ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပဲခူး လမ်းဟောင်း မိုင်တိုင်အမှတ် (၉/၄)  ရှိ မဟာနွယ် တင်းအားသုံး ကွန်ကရစ်ပစ္စည်း ထုတ်လုပ် ရောင်းချသည့် ဆိုင်တွင် ကွန်ကရစ်ဖြင့် ပြုလုပ်သည့် လျှပ်စစ်မီးတိုင်၊ မြေစိုက်တိုင်၊ ကြမ်းခင်းပြား၊ ခြံကာပြား၊  ခြံကာတိုင်၊ မြေထိန်းနံရံ၊ ရေမြောင်းပိုက်၊ ရေစစ်ကန် နှင့် ကွန်ကရစ်ဖြင့်ပြုလုပ်သည့် ပစ္စည်းများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုကြသည်။









ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ