နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတ်အားခကြွေးကျန် ကျဆင်းရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၂၂

လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အရှေ့ ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ် အင်ဂျင်နီယာတို့ သည် ယနေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် ဓာတ်အားခ ကြွေးကျန်များ၊ ဓာတ်အားခ ကြွေးကျန်ကျဆင်းရေး ဆောင်ရွက် ထားရှိမှုများ၊ ဓာတ်အား ပျောက်ဆုံးမှု အခြေအနေများ နှင့် တရားမဝင် ဓာတ်အား သုံးစွဲမှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေး သည်။ (ပုံ)

ထို့နောက် တောင်ဥက္ကလာပ မြို့နယ်အတွင်း ဓာတ်အားခ ကြွေးကျန်ကျဆင်းရေး၊ တရား မဝင် ဓာတ်အားသုံးစွဲမှုများမရှိ စေရေး ခရိုင်စုဖွဲ့ဝန်ထမ်းများ ဖြင့် စစ်ဆေးဆောင်ရွက်နေမှု များကို ကွင်းဆင်းစစ်ဆေး ကာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး၊ ကြွေးကျန်များ ကျဆင်းရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှု မဖြစ်စေရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက် ရန် မှာကြားသည်။








ချစ်ဆောင်

(YESC)






အခြားဆက်စပ်သတင်းများ