နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား တိုရီ ခွဲစိတ်ကုသမှုခံယူ

ဇူလိုင် ၂၀

ဘာစီလိုနာအသင်းကွင်းလယ် ကစားသမားတိုရီသည် ရာသီ အကြိုခြေစမ်းပွဲစဉ် အတွက် အသင်းနှင့် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် လက်ဒဏ်ရာရရှိခဲ့သဖြင့် ခွဲစိတ် ကုသမှုခံယူရကြောင်း သိရ သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား တိုရီ သည် ပြီးခဲ့သည့် ဘောလုံး ရာသီ က ဂျီရိုနာအသင်းသို့အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ သူဖြစ်ပြီး ယခုအခါ နည်းပြသစ် ဖလစ် လက်အောက်တွင်ရာသီ အကြို ခြေစမ်းပွဲအတွက်ပြီးခဲ့ သည့် ရက်ပိုင်းကလေ့ကျင့်ရေး ပြုလုပ်ရာ လက်ဒဏ်ရာ ရရှိခဲ့ သောကြောင့် ခွဲစိတ်ကုသမှု ခံယူရခြင်းဖြစ်သည်။

လက်ရှိ ဘာစီလိုနာအသင်း တွင် တိုရီအပါအဝင် ဂါဗီ၊ ဖရန် ကီဒီဂျောင်၊ ပက်ဒရီ၊ အာရူဂျို အစရှိသည့် ကစားသမားများ မှာလည်း ဒဏ်ရာကြောင့်အနား ယူနေရသည့်အတွက် ဘာစီ လိုနာ အသင်းအနေဖြင့် ရာသီအကြို ခြေစမ်းပွဲစဉ်များတွင် အဓိက ကစားသမားများကို လက်လွှတ် ရမည်ဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ