နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ကန်တီကို ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း ဆွေးနွေး

ဇူလိုင် ၂၀

ဆော်ဒီကလပ်အယ်အီသီ ဟတ်အသင်း ကွင်းလယ်ကစား သမား ကန်တီကို ခေါ်ယူရန် အတွက် ဝက်စ်ဟမ်းအသင်းက ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းနှင့် ချဲလ်ဆီး အသင်းတို့တွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့်ကွင်းလယ် ကစားသမားကန်တီသည်ပြီးခဲ့ သည့်နှစ်နွေရာသီ ကစားသမား အပြောင်း အရွှေ့ကာလက ချဲလ်ဆီးအသင်းမှ အယ်အီသီဟတ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်းမှ ကွင်းလယ် ကစားသမား ကယ်ဗင် ဖီးလစ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ် ယူခဲ့သော်လည်း ၎င်းအနေဖြင့် ခြေစွမ်းပြသနိုင်ခြင်းမရှိသည့် အတွက် မန်စီးတီးအသင်းထံ ပြန်လည်စေလွှတ်ခဲ့ပြီးယခုအခါ ကန်တီကို ခေါ်ယူရန် ကြိုးပမ်း နေကာ အယ်အီသီဟတ် အသင်း ကလည်း ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး စတာလင်ပေါင် သန်း ၂၀ ခန့် အလိုရှိနေကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ