နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်ပြင်ဆင်ကာကွယ်

ဇူလိုင် ၁၉ ရက် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန် သော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ် ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်နှင့် အင်ဒရာဖန်ရာ ဒေ့ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ် သည်။

ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ဇူလိုင် ၂၁ ရက်အတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ နေရာများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ   လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးနှိုးဆော် ထားသည်။

မိုးကြီးသည့် ရာသီဥတုဖြစ်စဉ်သည် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ မြစ်ကမ်းပါးများ ပြိုခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်။ နှစ်စဉ် မုတ်သုံမိုးနှင့်အတူ မြစ်ရေမြင့်တက်မှုမှာ ပုံမှန်ဖြစ်သော်လည်း အောက်ရေဖြစ်သော ဒီရေအတက်အကျနှင့်ဆုံပါက ရေစီးဆင်းမှု နည်းပါးစေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၈ ရက်က ဧရာဝတီ-ဟင်္သာတ တာနှင့်ငဝန်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

တာတမံနိမ့်ကျမှုကြောင့် ရေကျော်ခြင်း၊ သဲဗွက်ထခြင်း၊ တာ အိခြင်း၊ ရေပေါက်(ထူးပေါက်)ပေါက်ခြင်း စသည့်တာတမံထိခိုက် စေနိုင်သည့်အချက်များ တွေ့ရှိပါက ကာကွယ်ရန် နည်းလမ်းများ၊ သတိပြုရမည့်အချက်များ၊ အချိန်မီကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အရေးပေါ်ပစ္စည်းများ အမြန်ဆုံးသယ်ပို့နိုင်ရေး ကြိုတင်စီမံဆောင် ရွက်ထားရန် လိုအပ်သည်။

ပြည်သူများအနေဖြင့် သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန် ကြိုတင်ပြင်ဆင် ခြင်း၊ ဒေသတွင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၊ ကျန်းမာရေးနှင့်အခြားအဖွဲ့အစည်း များ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုတင်ပြင်ဆင်၊ ကာကွယ်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါကြောင်း ။    ။






အခြားဆက်စပ်သတင်းများ