နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၂၀

ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က ကြီး မှူးကျင်းပသော ဝါဆိုလပြည့် နေ့ (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက် ပိုင်းက စေတီတော်ရင်ပြင် ရှေး ဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာ ပတိ ဦးသောင်းစိန်ဦးနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဝတ်အသင်းများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် များသည် ဧည့်ခံတန်ဆောင်း နှင့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များ တန်ဆောင်းတို့တွင် ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူ ပူဇော်ကြပြီး ရွှေတိဂုံစေတီတော် မြတ်ကြီးကို ဖူးမြော်ကြည်ညို ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များ က မြတ်စွာဘုရားအမှူးပြုသော နတ်ဗြဟ္မာများကို ပင့်ဖိတ်၍ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါ တော်နေ့) ဓမ္မစက္ကပဝတ္တနပါဠိ တော်ကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် ပွင့်တော်မူခဲ့ ပြီးသော ကကုသန္ဓ၊ ကောဏာဂ မန၊ ကဿပ၊ ‌ဂေါတမမြတ်စွာ ဘုရားရှင်တို့နှင့် ရွှေတိဂုံစေတီ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရားတို့ထံ ဆက်ကပ်လှူဒါန်း မည့် ဝါဆိုရွှေကြာသင်္ကန်းများ ကို စေတီတော်ရင်ပြင်တွင်လှည့် လည်ပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလှည့်ကျ သဘာပတိ ဦးသောင်းစိန်ဦးနှင့် ဂေါပကအဖွဲ့ဝင်များကပတ္တမြား မျက်ရှင်ဘုရားထံရွှေကြာသင်္ကန်း ဆက်ကပ် လှူဒါန်းကြသည်။

ထို့ပြင် အရှေ့အာရုံခံတန် ဆောင်းရှိ ကကုသန္ဓ၊ တောင် ဘက် အာရုံခံ တန်ဆောင်းရှိ ကောဏာဂမန၊ အနောက်ဘက် အာရုံခံတန်ဆောင်းရှိ ကဿပနှင့်‌‌ မြောက်ဘက်အာရုံခံတန်ဆောင်း တို့ရှိ ဂေါတမမြတ်စွာဘုရားရှင် တို့အား ဝါဆိုလပြည့်နေ့ (ဓမ္မ စကြာအခါတော်နေ့) ကုသိုလ် တော်အဖြစ် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တာဝန်ရှိသူများက ရွှေကြာ သင်္ကန်းများ ဆက်ကပ်ကြသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ