နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီးတစ်ခုတည်းပါ စက်ဘီးဖြင့် မိုင် ၃၀၀ ကျော်သွားရောက်သူ ဂင်းနစ်စံချိန်တင်

ဒပ်ဗလင် ဇူလိုင် ၁၉

အိုင်ယာလန် နိုင်ငံသား တစ်ဦး သည် ဘီးတစ်ဘီးတည်းပါသော စက်ဘီးဖြင့် နိုင်ငံတစ်ဝန်း မိုင်ပေါင်း ၃ဝ၈ မိုင်ကို အချိန်ငါးရက်အတွင်း သွားရောက်ကာ ဂင်းနစ်စံချိန် ရယူ လိုက်ကြောင်း သိရသည်။(ပုံ)

Eamonn Keaveney အမည်ရှိ အိုင်ယာလန် အမျိုးသားသည် အိုင်ယာလန်နိုင်ငံတစ်လျှောက် ဘီး တစ်ဘီးတည်းပါသော စက်ဘီးဖြင့် အမြန်ဆုံးသွားပြနိုင်ခြင်းအတွက်   ဂင်းနစ်စံချိန်ရရှိသွားခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသည် ၂ဝ၁၆ ခုနှစ်တွင် ခြေဗလာခရီးစဉ်အတွက် ဂင်းနစ် စံချိန်တင်ခဲ့ဖူးသူဖြစ်ပြီး ထိုစဉ်က ခြေဗလာဖြင့် တောင် ၁၀ လုံးကို အချိန် ၁၀ ရက်အတွင်း တက်ပြခဲ့ကြောင်း သိရသည်။

သို့သော်လည်း Eamonn Keaveney သည် ယခုဂင်းနစ်စံချိန်ကို ရယူရန်အတွက် လေ့ကျင့်မှုများမလုပ် ဆောင်မီအချိန်အထိ ဘီးတစ်ဘီး တည်းပါသော စက်ဘီးကို စီးဖူးခဲ့ခြင်း မျိုး မရှိသော်လည်း အဆိုပါ ဂင်းနစ် စံချိန်ကိုရယူရန် ကြိုးပမ်းချိန်ကစ၍ တစ်နေ့လျှင် အချိန် ၁၂ နာရီခန့် ယင်းစက်ဘီးကို စီးနင်းလေ့ကျင့်ရ သည်ဟု ဆိုသည်။

ယင်းခရီးစဉ် အပြီးတွင် ခြေကျင်း ဝတ်များ ရောင်ရမ်းနေပြီး စက်ဘီး ခြေနင်းကို တစ်ပတ်ပြည့်အောင် လှည့်လိုက်ချိန်တွင် နာကျင်မှုကို ပြင်းထန်စွာခံစားရသည်ဟု ၎င်းက ပြောကြားသည်။                 








(ref:BBC)






အခြားဆက်စပ်သတင်းများ