နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်ရောဂါ ဖြစ်ပွား

ဝါရှင်တန် ဇူလိုင် ၁၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တွင် ကိုဗစ်ရောဂါပိုးကူးစက်နေပြီး ရောဂါလက္ခဏာများ မပြင်းထန်သော် လည်း ၎င်း၏ကျန်းမာရေး အခြေအနေ အရ ရွေးကောက်ပွဲ ဖိအားများမြင့် တက်နေချိန်တွင် ယခုကဲ့သို့ ကိုဗစ် ရောဂါပိုးတွေ့ရှိခြင်း ဖြစ်သည်။

၎င်းသည် လတ်စ်ဗီးဂတ်စ်သို့မဲဆွယ်စည်းရုံးရန်သွားရောက်ချိန်တွင် ရောဂါပိုးကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကွာရန်တင်း သဘောမျိုး နေထိုင်ရန်အတွက် Delaware ရှိ နေအိမ်သို့ရောက်ရှိနေကြောင်း သိရ သည်။

သမ္မတဘိုင်ဒင်က လူမှုကွန်ရက်  X တွင် ၎င်းအတွက် ဆုတောင်းပေး ကြသည့် ပြည်သူများအား ကျေးဇူးတင် ကြောင်း ပြောကြားထားပြီး အမြန်ဆုံး သက်သာအောင်နေထိုင်ကာ ကွာရန် တင်းကာလအတွင်း လုပ်ဆောင်ဖွယ် ရှိသည်များကို ဆက်လုပ်နေမည်ဟု ဆိုသည်။

အိမ်ဖြူတော်ဆရာဝန်များ၏ ပြော ကြားချက်အရ သမ္မတဂျိုးဘိုင်ဒင် သည် နှာစေး၊ချောင်းဆိုးနှင့်ကိုယ်လက် မအီမသာဖြစ်ခြင်းမျိုး ခံစားနေရပြီး သမ္မတထံ၌ ပြသနေသည့် လက္ခဏာ များသည် အပြင်းစား မဟုတ်သည့် အတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရ သည်။                                

 








(ref:CNA)






အခြားဆက်စပ်သတင်းများ