နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုကစားသမား ဆောနီဂွက်ဇ်ကို ဆီဗီလာအသင်းအငှားစာချုပ်ဖြင့်ခေါ်ယူ

ဇူလိုင် ၁၉

ဆီဗီလာအသင်းသည် အေတီ ကိုအသင်းတွင် ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးနေသည့် ကွင်းလယ် ကစားသမား ဆောနီဂွက်ဇ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ် ယူကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဆောနီ ဂွက်ဇ်သည် ပြီးခဲ့သည့် ဘောလုံး ရာသီနှစ်ရာသီကအေတီကို အသင်းတွင်အမှတ်ပေးပြိုင်ပွဲ ၂၅ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး လူစား ဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့သည့်အပြင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကလည်း ချဲလ်ဆီးအသင်းသို့ ရာသီဝက် အငှားစာချုပ်ဖြင် သွားရောက် ကစားခဲ့သည်။

ဆောနီဂွက်ဇ်သည် ပြီးခဲ့ သည့် ဘောလုံးရာသီကအေတီကို အသင်းနှင့် ပြန်လည်ပူးပေါင်းချိန် တွင် လူစားဝင်ကစားသမား အဖြစ်သာ ကစားခဲ့ရကာ ပွဲ ကစားခွင့် လျော့နည်းခဲ့ရပြီး နည်းပြဆီမြွန်နီက ၎င်း၏ကစား ကွက်နှင့် ကိုက်ညီမှုမရှိသဖြင့် ကစားသမား၏ လုပ်ခလစာ အသုံးစရိတ်ကို လျှော့ချနိုင်ရန် အတွက် ဆီဗီလာအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့် ပြုခြင်းဖြစ်သည်။









သူရိန်






အခြားဆက်စပ်သတင်းများ