နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၁/၂ဝ၂၄) ကျင်းပ

ရန်ကုန်   ဇူလိုင်  ၁၉

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၁/၂ဝ၂၄) အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၃)တွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေသ ကြီးဝန်ကြီးများ၊ တိုင်းဒေသ ကြီး ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များနှင့်ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  အဖွင့်အမှာစကား ပြောကြားသည်။          

ထို့နောက်  ရန်ကုန်တိုင်း ဒေသကြီးလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှု များ ပြန်လည်စိစစ်ရေး ကော် မတီအတွင်းရေးမှူးဦးညီညီမင်း က အမှုတွဲများ၏ အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ  ဥက္ကဋ္ဌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က  နိဂုံးချုပ် စကားပြောကြားရာတွင် သိမ်း ဆည်းမြေဆိုင်ရာအမှုတွဲများကိုဖြေရှင်းဆောင်ရွက်ရာတွင် ဗဟိုကော်မတီကချမှတ်ခဲ့သော မူဝါဒ (၅၂) ချက်နှင့်အညီ  စိစစ်ဖြေ ရှင်းဆောင်ရွက်ခဲ့ကြောင်း၊ယခင် မြေစစ်ကော်မတီလက်ထက် တွင် စိစစ်ဖြေရှင်းခဲ့ပြီးနောက်  ကျန်ရှိသည့် အမှုတွဲများကို ရပ်ကွက် /ကျေးရွာအဆင့်မှမြေ နှင့်ပတ်သက်၍ မြေရာဇဝင်နှင့် မြေပြင်အသုံးချမှုအခြေအနေကို တိတိကျကျစိစစ်ပြီး ချမှတ် ထားသည့် မူဝါဒ၊ သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ် နည်းနှင့်အညီ ပေါင်းစပ်စိစစ် ဆောင်ရွက်၍ မြို့နယ်၊ ခရိုင် ကော်မတီအဆင့်ဆင့်သို့ စိစစ် တင်ပြလာသည့် အမှုများကို မြို့နယ် / ခရိုင်မြေယာကော်မတီကပြည့်စုံစွာစိစစ်ဆောင်ရွက်၍ တိုင်းဒေသကြီး အဆင့်သို့ဆက် လက်ပေးပို့တင်ပြခြင်းနှင့်၎င်းအမှုတွဲများကို ကျင့်သုံးဆောင် ရွက်နေသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု၊ မြို့နယ်၊ခရိုင် ကော်မတီအဆင့်ဆင့်က စိစစ် တင်ပြချက်များနှင့်စပ်လျဉ်း၍ ထပ်မံ၍ သေချာစွာစိစစ်ပြီး သဘောထားမှတ်ချက်ပြုတင်ပြ လာသည့်တိုင်းဒေသကြီးမြေ စစ်ကော်မတီ၏ စိစစ်ဆုံးဖြတ် ချက်များကို ဗဟိုကော်မတီသို့  ဆက်လက်တင်ပြနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း ပြော ကြားသည်။                  

   







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ