နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ခြင်းနှင့် အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၉

၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံး လေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်ခြင်း၊ အလှူဒါန ပြုအမျှပေးဝေခြင်းအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၇)နှစ် မြောက် အာဇာနည်နေ့အခမ်း အနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးတင်ဦးလွင်၊ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါ်နုမြဇံ၊ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး များ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး၊သန်လျင် မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ  ဧည့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်အစချီသော ပရိတ် တရားတော်များကို နာယူကြ ကာ လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ  အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာ နည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ရန်ကုန် တိုင်းဒေသကြီးတရားလွှတ် တော် တရားသူကြီးချုပ်ဒေါ်စန္ဒာ သွယ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူ များက ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။   








သတင်းစဉ်






အခြားဆက်စပ်သတင်းများ