နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-အမေရိကန်- ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်   ဇူလိုင် ၁၈

The Great Lethwei TGL#7 မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာလက်ဝှေ့ပွဲတစ်ခုအသွင်ဆောင်မည့် The Great Lethwei TGL#7 လက်ဝှေ့ပြိုင်ပွဲ ခေါင်တွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ် တန်း တွင် ကျော်စွာဝင်း(မြန်မာ)နှင့် ဘရတ်ပတ်စ်တိုး (အမေရိကန်)၊ ဒုတိယ ခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းတွင် ရန်နိုင်ထွန်း နှင့် နီရန် (ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ထို့ပြင် လိုက်ဝိတ်တန်းတွင် အောင်ထက်ဟိန်းနှင့် သွေးလင်း ထက်၊ ဝယ်လ်တာဝိတ်တန်းတွင် စောဘဟိန်းနှင့်ရဲလင်းဦး၊ လိုက် ဝယ်လ်တာဝိတ်တန်းတွင် လော်ကွာဒူးနှင့် စောသန်းစိုး၊ လိုက်ဝိတ် တန်းတွင် ထူးစေးဝါးနှင့်ကျားရိုင်း၊ အာဖရိကနှင့်မဟာသွေး၊ ဖယ် သာဝိတ်တန်းတွင် ရဲမင်းထက်နှင့်လာကပေါတို့ အသီးသီး ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

ယင်းမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအား CANAl+SPORT 1 ရုပ်သံ လိုင်းနှင့် CANAl+ အက်ပလီကေးရှင်းတို့မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                        








အားကစားသတင်းထောက်






အခြားဆက်စပ်သတင်းများ