နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်းများအား တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇူလိုင် ၁၈

သန်လျင်မြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်း များကို ယမန်နေ့နံနက်ပိုင်းက သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း လာရောက်ကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးဝန်ကြီးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝမ်းပျက်၊  ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ခရိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး  ဒေါက်တာ ချောနန္ဒီနှင့်တာဝန်ရှိသူများက ဝမ်းပျက်၊ဝမ်းလျှောရောဂါကြိုတင် ကာကွယ်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင် ရွက်ထားရှိမှု‌များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးသည် မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများ၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ သန့်ရှင်းသော သောက်သုံးရေများကို FDA ၏ စစ်ဆေးခွင့်ပြုချက် ဖြင့် စနစ်တကျထုတ်လုပ်သွားရန်၊ ကျောင်းမုန့်ဈေးတန်းနှင့် အများ သုံးသန့်စင်ခန်းများတွင် လက်ဆေးဆပ်ပြာနှင့် ရေလုံလောက်စွာ ထားရှိရေး၊ ကျောင်းကျန်းမာရေးအဖွဲ့၏ စိစစ်ခွင့်ပြုချက်ဖြင့်ကျောင်း သား ကျောင်းသူများအား သန့်ရှင်းသော အစားအစာများ ရောင်းချ ပေးနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။   ဆက်လက်၍ တိုင်းဒေသ ကြီးဝန်ကြီးသည် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ လူနာ၏နေအိမ်သို့ သွားရောက် ၍ မိသားစုများကို အားပေး စကားပြောကြားကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။        







 ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ