နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းသား၊ ကျောင်းသူများအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၈

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူများအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍အသိပညာပေးဆွေး နွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့ နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပ သည်။

အခမ်းအနားတွင်  မြို့ပြပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာန ဌာနမှူး(ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးချိုထွန်း အောင်က ကျောင်းသား/ကျောင်း သူ၊သားငယ်၊သမီးငယ်များအနေ ဖြင့် အမှိုက်များ စွန့်ရာတွင် စည်းကမ်းတကျစွန့်ပစ်ကြရန်၊ ရန်ကုန်မြို့တော်ကို အမှိုက် ကင်းစင်ပြီး သန့်ရှင်းသာယာ လှပသည့် မြို့တော်အဖြစ်ရပ် တည်နိုင်စေရန် သားငယ်၊ သမီး ငယ်များအားလုံး ပူးပေါင်းပါဝင် ပြီးအနာဂတ်တွင် တိုင်းပြည်က အားထားရသည့် လူတော်လူ ကောင်းများဖြစ်စေရန် ကြိုးစား ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက်  မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာန၊ဒုတိယဌာနမှူး(ညွှန် ကြားရေးမှူး)များဖြစ်ကြသော ဒေါက်တာ အောင်မြင့်မော်နှင့် ဒေါက်တာခင်နှင်းအေးတို့က ကျောင်းသား၊ကျောင်းသူများ အား   စွန့်ပစ်အမှိုက်ဆိုင်ရာ အသိ ပညာ၊အမူအကျင့်ကောင်းများ၊ စွန့်ပစ်အမှိုက်များကိုလျှော့ချ ခြင်း၊ ပြန်လည်တီထွင်အသုံးပြု ခြင်း၊ပြန်လည်အသုံးပြုခြင်း၊ အမှိုက်စို၊အမှိုက်ခြောက်များ၊ အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း တို့ကို ပရိုဂျက်တာဖြင့်ရှင်းလင်း ပြောကြားပြီး မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနဝန်ထမ်းများက စနစ် တကျ အမှိုက်စွန့်ပစ်ခြင်း အသိ ပညာပေး တေးသရုပ်ဖော်များ ဖြင့် သီဆိုဖျော်ဖြေကြသည်။

 ဆက်လက်၍ကျောင်းသား/ ကျောင်းသူများက ကြိုတင်ဝေငှ ထားရှိသည့် လက်ကမ်းစာစောင် များထဲမှ အမှိုက်နှင့်ပတ်သက် သည့် မေးခွန်းများကို ဖြေဆို ကြသည်။

ထို့နောက် မြို့ပြစီမံကိန်း ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောစန္ဒာဦးက စွန့်ပစ် အမှိုက်ဆိုင်ရာ အသိပညာပေး လက်စွဲစာစောင်နှင့် လက်ကမ်း စာစောင်များကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်လှ မောင်ကဗလာစာအုပ်နှင့်ဘော  ပင်များ၊ မြို့ပြပတ် ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ဗိုလ်တထောင်ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်လင်း ထွန်းက   ကျောင်းအတွက် အမှိုက်အိတ်များကို လည်း ကောင်း ကျောင်းအုပ်ဆရာမ ကြီးအား ပေးအပ်ရာ ကျောင်း အုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ 

                     







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ