ရန်ကုန် ဇူလိုင် ၁၇
ပုဇွန်တောင်မြို့နယ်အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမတွင်မြို့နယ် အဆင့်(၇၇)နှစ်မြောက်အာဇာနည် နေ့ အထိမ်းအမှတ် ဟောပြောပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မို့မို့ခင် ကအဖွင့်အမှာစကားပြောကြား ပြီး အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်းမှအထက် တန်းပြဆရာ ဦးထက်အာကာ က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ နှင့်အနာဂတ်လူငယ်များမျိုးချစ် စိတ်အစဉ်ဖြစ်ထွန်း စေရန် ဟောပြောပြီးအမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား မောင်သူရထွန်းနှင့် Grade-9 ကျောင်းသူမဆုလဲ့နှင်းမို့က အာဇာနည်နေ့အကြောင်း သိ ကောင်းစရာ ခေါင်းစဉ်ဖြင့် ဟော ပြောကြသည်။
(၇၇)နှစ်မြောက်အာဇာနည် နေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲများတွင်ဆုရရှိ သူများကို ကျောင်းအုပ်ဆရာမကြီး များနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် စာအုပ်စာ စောင်များကို ကျောင်း သား/ကျောင်းသူများက ကြည့်ရှု လေ့လာကြသည်။
ဟန်စုယဉ်