နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်အဖျက်သမားများကို တိုက်ဖျက်ချေမှုန်းရေး ကြိုးပမ်းဆောင်ရွက်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  ခိုင်မာစွာ တည်  ဆောက်ပြီး လွတ်လပ်ရေးကို ရယူ၍ မြန်မာနိုင်ငံကို ပြည် ထောင်စုနိုင်ငံအဖြစ်  ကမ္ဘာနှင့်  ရင်ပေါင်တန်းနိုင်ရန် ကြိုးပမ်း တည်ဆောက်ခဲ့ရာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီဖြစ်သည်။

နိုင်ငံတော်အားဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ် ရေးအားများ ပေါင်းစုထားခြင်းဖြစ်၍ ကမ္ဘာ့အလယ်တွင်  အခြားနိုင်ငံများနှင့်     တန်းတူရင်ပေါင်တန်းနိုင်ရန် လိုအပ်သည်။

စီးပွားရေးနှင့်  စစ်ရေးတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ပြီး ဆုံးနိုင်ငံတကာအဖွဲ့အစည်းများကို ကြီးမားသည့် ဩဇာဖြင့် လွှမ်းမိုးထားသည့် အရှိန်အဝါကြီးမားသည့် ကမ္ဘာ့နံပါတ်(၁)နိုင်ငံဖြစ်သည်။ အမေရိကန်အနေဖြင့် ကမ္ဘာကြီးကို မီဒီယာဖြင့် လွှမ်းမိုးထားလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက ဖြစ်ရပ်များကို သတင်းများအဖြစ် အနောက်မီဒီယာအသီးသီးက တင်ဆက်ကြရာတွင် လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို  စံနှုန်းနှစ်မျိုးဖြင့် ဖော်ပြကြသည်။ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်း ဖက်တိုက်ခိုက် ဖျက်ဆီးမှုများမှာ နိုင်ငံပြိုကွဲပျက်စီးသွားစေနိုင်သည်အထိ အန္တရာယ်ကြီးမားလှသည်။

ပြည်တွင်း၌ အကြမ်းဖက်သောင်းကျန်းသူများက မီးကုန်ယမ်း ကုန် ဖျက်ဆီးနေသကဲ့သို့ ပြည်ပကလည်း အကြမ်းဖက်အားပေး ဝိုင်းကူဖျက်ဆီးနေကြသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ  သတင်းစား သုံးသူများမှာ အနောက်အုပ်စု    မီဒီယာများ၏    သတင်းခန်းများက အာဘော်များကိုသာ  ဆယ်စုနှစ်ပေါင်းများစွာ  စားသုံးနေ  ကြရသည်။ လတ်တလောတွင် လူနေရပ်ကွက်နှင့် မြို့ပြများ   အပေါ်အထိ တိုက်ပွဲများ ဖော်ဆောင်လာပြီး အေးချမ်းစွာ နေ ထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်း သားပြည်သူများကို စစ်ဘေး အန္တရာယ်ကျရောက်စေခြင်း၊ လက်နက်အားကိုး အနိုင်ကျင့်ခြင်း၊ လူမျိုးရေး အခြေခံခွဲခြားဆက်ဆံခြင်းတို့ ကျူးလွန်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း  ဖြစ်ပေါ်လာသည့်  အခက်အခဲ၊အကျပ်  အတည်းများသည်  အောက်ခြေပြည်သူလူထုအပေါ် ထိခိုက် ခံစားရမှုများ ဖြစ်ပေါ်လျက်ရှိရာ  တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်  ပြည်သူတစ်ရပ်လုံးက  ဆန့်ကျင်၊  ကန့်ကွက် တိုက်ဖျက်ကြရမည်ဖြစ်ရာ  ကိုယ်ထိလက်ရောက်  ပူးပေါင်း    ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  တိုက်တွန်းနှိုးဆော်ရပါ   ကြောင်း ။        






အခြားဆက်စပ်သတင်းများ