ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင်ဂုဏ်ထူး ဖြင့်အောင်မြင်ကြသော ဝန်ထမ်း သား၊သမီး ကျောင်းသား/ကျောင်း သူများအား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တက်ရောက်၍ ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော် ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်ဇနီး၊ ကော်မတီ ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနမှူးများ၊ ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် “ယနေ့ ကျင်းပသည့် အခမ်းအနားသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသည့် ကော်မတီရှိ ဝန်ထမ်း များ၏ သား/သမီးများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပြီး နောင်လာမည့် အနာဂတ်လူငယ် ကျောင်းသား/ကျောင်းသူများ အတွက်လည်း စံပြုအတုယူနိုင်စေရန်အတွက် ရည်ရွယ်ဂုဏ်ပြု သည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုအခါ ပညာရေးကို အလေး ထားမြှင့်တင်အကောင်အထည်ဖော်နေပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး၊ စဉ်ဆက်မပြတ်သင် ယူမှု အခွင့်အလမ်းများရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် အသိ ပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာရေးတို့ကို လက်တွေ့ အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထား သည့် ဦးတည်ချက်များအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် အနာဂတ်တွင် ပညာရေးကဏ္ဍ မြင့်မားတိုးတက် လာရမည်ဟု မြဲမြံခိုင်မာသော ခံယူချက်ဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ် ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေး ကဏ္ဍကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပြီး နောင်တစ်ချိန်တွင် နိုင်ငံ တော်၏တာဝန်များကို ပခုံးပြောင်း လက်ဆင့်ကမ်းရယူကြမည့် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအား အသိအမှတ်ပြု ဂုဏ်ယူချီးမြှင့်သည့်အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုပွဲကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်များတွင်လည်း ယခုထက် အရေအတွက်ရော အရည်အသွေးပါ တိုးတက်မြင့်မားသည့် ထူးချွန် သားသမီးများ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ကြရန် ကော်မတီရှိ မိဘဝန်ထမ်းများကိုလည်း တိုက်တွန်းလိုပါကြောင်း၊ သားငယ်/သမီးငယ်များကလည်း မိမိဘဝ၊ မိမိ မိသားစု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင် အောင် ဆက်လက်ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံချစ်စိတ်မျိုး ချစ်စိတ်တို့ဖြင့်အမှန်နှင့်အမှား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင် နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား/ကျောင်း သူများအား ဂုဏ်ပြုဆုများချီးမြှင့်ရာ မြို့တော်ဝန်က ခြောက် ဘာသာဂုဏ်ထူးရှင် သုံးဦးအားလည်းကောင်း၊ မြို့တော်ဝန်၏ ဇနီး ဒေါ်စမ်းစမ်းအေးက ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦးအားလည်း ကောင်း၊ ဒုတိယမြို့တော်ဝန် ဦးညီညီက ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦးအားလည်းကောင်း၊ အတွင်းရေးမှူး ဦးညွန့်ဖေက လေး ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင်တစ်ဦးအား လည်းကောင်း၊ အတွင်းရေးမှူး၏ ဇနီးက တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးအားလည်းကောင်း၊ ကော်မတီဝင်များနှင့် ဇနီးများက တစ်ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း ဂုဏ်ပြုဆုများ အသီသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သတင်း-ရဲနန္ဒာလင်းမြင့်/ ဓာတ်ပုံ-ကျော်သူထက်