နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သာကေတမြို့နယ်အတွင်း ဝမ်းပျက်၊ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်  ဇူလိုင်  ၁၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ဇူလိုင် ၁၅ ရက်က သာကေတမြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ဗိုလ်တထောင် ခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့ နယ်တွင်ဝမ်းပျက်၊ဝမ်းလျှော ရောဂါတွေ့ရှိမှု၊ ကာကွယ်ထိန်း ချုပ်ခြင်းလုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ သာကေတမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မြို့နယ်အတွင်း ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ (၁၉)ဖွဲ့ ၊  ပရဟိတ အဖွဲ့များ၏ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလွင်က ပိုးတွေ့ လူနာများအား ဆေးကုသပေးနေမှုအခြေအနေနှင့်ရပ်ကွက် အတွင်းကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေ    အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဖွဲ့စည်းပြီးအဖွဲ့များအပြင်အဖွဲ့ ငယ်များထပ်မံဖွဲ့စည်း၍ရောဂါ  ပိုးတွေ့လူနာများအားအချိန်မီ သိရှိပြီး ဆေးကုသမှုခံယူစေ ခြင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော နေအိမ် များအား ကလိုရင်းခပ်ခြင်း၊ ထုံးဖြူးခြင်း၊ရေသန့်ဆေးပြား များဝေငှခြင်းများကို အဓိက ထားဆောင်ရွက်ရန်လိုကြောင်း၊ ရောဂါဖြစ်ပွားသည့် လူနာများ ဆေးရုံတက်/မတက်အခြေအနေ ကို တာဝန်ရှိသူအဆင့်ဆင့်က စောင့်ကြည့် သတင်းပေးစေလို ကြောင်း၊ သို့မှသာရောဂါကူး စက်မှုမရှိစေရေး ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြည်သူလူထု များအား အစားအသောက်၊ရေ၊ ပတ်ဝန်းကျင်နှင့်အစားအသောက် များ ချက်ပြုတ်ရာတွင်သန့်ရှင်း အောင်ဆောင် ရွက်စေလိုကြောင်း နှင့်မြို့နယ်အတွင်းရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် လိုအပ်သည့် ကိစ္စများရှိပါက တင်ပြပေးစေလိုကြောင်းနှင့် လိုအပ်သည်များ မှာကြားပြီး လုပ်ငန်းကဏ္ဍများအလိုက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ခရိုင်အတွင်း ၂၀ လီတာ ရေဘူးများ၊ ကလိုရင်းဆေးဖျော် စပ်သည့်ရေပုံး၊ ကြိုးများဝယ် ယူရန် ထောက်ပံ့ငွေများ ပေး အပ်ပြီး သာကေတမြို့နယ်၊ ဧရာ ဝဏ်လမ်းမအပေါ် (ကျောက် တိုင်)အနီးရှိ မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ရေစုကန်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးသည်။             








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ