ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ စီစဉ်မှုဖြင့် ကျောက်တံတားမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့ နေ့လယ် ပိုင်းက ကျောင်းသား၊ကျောင်း သူများအား စွန့်ပစ်အမှိုက် နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ သည်။(ပုံ)
ရှေးဦးစွာ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာန (လက်ထောက်ညွှန် ကြားရေးမှူး)ဦးသိန်းတိုးအောင် က နှုတ်ခွန်းဆက်စကားပြော ကြားပြီး၊ ဒုတိယဌာနမှူး (ညွှန် ကြားရေးမှူး) ဒေါက်တာ ခင်နှင်းအေးက စွန့်ပစ်အမှိုက် များ လျှော့ချခြင်း၊ ပြန်လည် တီထွင်အသုံးပြုခြင်း၊ပြန်လည် အသုံးပြုခြင်း၊ နည်းလမ်းများ ကို ကျောင်းသား၊ ကျောင်းသူ များ လက်တွေ့ပါဝင်စေပြီး အသိပညာပေး တေးသရုပ်ဖော် များဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အမှိုက်စို၊ အမှိုက်ခြောက်များ၊ အမျိုးအစား အလိုက် ခွဲခြားစွန့်ပစ်ခြင်းနှင့် အလွယ်တကူ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ခြင်းတို့ကို ကြိုတင် ဝေငှထားသည့် လက်ကမ်းစာ စောင်များထဲက မေးခွန်းများကို ဖြေဆိုကြသည်။
ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့က ကျောင်းအုပ်ဆရာမ ကြီးထံ စွန့်ပစ်အမှိုက်ဆိုင်ရာ လက်စွဲစာစောင်နှင့် အသိပညာ ပေး လက်ကမ်းစာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်များ နှင့်စာရေးကိရိယာများ ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီးက ကျေးဇူးတင်စကားပြော ကြားသည်။
မိုးမြင့်မောင်
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက အမှိုက်စို၊ အမှိုက်ခြောက်များ၊ အမျိုးအစား အလိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် အလွယ်တကူ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ခြင်းတို့ကိုကြိုတင် ဝေငှထားသည့် လက်ကမ်းစာ စောင်များထဲက မေးခွန်းမေး အဖြေများကို ဖြေဆိုကြသည်။
ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာအုပ်ချုပ်ရေး မှူးတို့က ကျောင်းအုပ်ဆရာမ ကြီးထံ စွန့်ပစ်အမှိုက်ဆိုင်ရာ လက်စွဲစာစောင်နှင့်အသိပညာ ပေး လက်ကမ်းစာစောင်များ၊ ကျောင်းသုံးဗလာစာအုပ်များ နှင့် စာရေးကရိယာများပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမ ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
မိုးမြင့်မောင်