နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဒေါပုံမြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ သည် ယမန်နေ့ မွန်းလွဲပိုင်းက ဒေါပုံမြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအတွက် ရပ်ကွက် ပေါင်း ၁၄ ရပ်ကွက်တွင် ၁၄ ဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက  ဖွဲ့စည်းထားရှိ သည့် ၁၄ ဖွဲ့နှင့်         ရောဂါဖြစ်ပွားသည့် ရပ်ကွက် အတွင်း ကာကွယ်ထိန်းချုပ်‌ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု များကိုလည်းကောင်း တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက် ပေးနေမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ‌ဆေးရုံတွင် ကုသမှုပေးနေသည့် အခြေအနေများနှင့် ရောဂါကြို တင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရပ်ကွက်အလိုက် ဆေးခန်းများထားရှိပြီး ဖွဲ့စည်း ထားသည့် အဖွဲ့များဖြင့် ချိတ် ဆက်ဆောင်ရွက်ရန်၊ တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးအသိအမြင်ဖြင့် အသိတူ၊ အလုပ်တူ ဝိုင်းဝန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန်နှင့်လိုအပ်သည်များ မှာကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝမ်း ပျက်၊ ဝမ်းလျှော ဖြစ်ပွားခဲ့သော ဇေယျာသီရိရပ်ကွက်၊ ဇေယျာ သီရိ (၂) လမ်းရှိ နေအိမ်နှင့် သင်္ဘောကျင်းရပ်ကွက်၊ အမှတ် (၆၃) နေအိမ်သို့ သွားရောက်၍ ရေအသုံးပြုမှုနှင့် အိမ်သာအသုံး ပြုမှုစနစ်တို့ကိုလည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေး နေသည့် အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။

အဆိုပါ မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိ ပြီး ရပ်ကွက်ပေါင်း ၈ ရပ်ကွက်၌ ဖြစ်ပွားသူ ၄၉ ဦးအနက် ၁၆ ဦး ပြန်လည် ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ