ရန်ကုန်၊ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များသည် ဧရာဝတီမြစ် ရေမြင့်တက်မှုကြောင့် ရေကြီး နစ်မြုပ်နေသည့် တိုက်ကြီးမြို့ နယ် အဖျောက်မြို့၏ကျေးရွာ များရှိ ရေဘေးသင့်အိမ်ထောင်စု များနှင့် ဘုန်းတော်ကြီးကျောင်း များသို့ ယမန်နေ့ ညနေပိုင်းက အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့လှူဒါန်း ကြပြီး ဒေသခံပြည်သူများကို အားပေးစကားများ ပြောကြား သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် များသည် ရေပြန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် အခြေခံ ပညာမူလတန်းကျောင်းရှေ့တွင် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး အခြေခံစားသောက် ကုန်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဖျောက်မြို့ ငွေဥဒေါင်းခန်းမ တွင် ရေပေါ်သောင်ကျေးရွာ အုပ်စု အလယ်ကင်းကျေးရွာ၊ ရေပြန်ကျေးရွာ၊ မအူကုန်းကျေး ရွာ၊ ရေပေါ်သောင်ကျေးရွာရှိ အိမ်ခြေ ၇၂၆ အိမ်၊ အိမ်ထောင် စု ၇၅၃ စုနှင့် အုန်းပင်ကွင်း ကျေးရွာအုပ်စု အုန်းပင်ကွင်း ကျေးရွာ၊ ရေလဲကြီးကျေးရွာ၊ သံပုရာကုန်ကျေးရွာ၊ သာရဝေါ ကျေးရွာ၊ ရေပြန်ကျေးရွာတို့မှ အိမ်ခြေ ၆၈၂ အိမ်၊ အိမ်ထောင်စု ၇၅၉ စုတို့မှ မိသားစုဝင်များနှင့် တွေ့ဆုံပြီး အားပေးစကားများ ပြောကြား၍ ကျန်းမာရေးဂရုစိုက် ကြရန်နှင့် လိုအပ်သည်များ မှာကြားကာ အဆိုပါ အိမ်ထောင်စုများနှင့် ကျေးရွာများ၏ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်၊ သံဃာတော်များအတွက် ရေ သန့်ဘူး ၃၀၀၀၊ ၂၄ ပြည် ပါ ဆန်အိတ် ၂၀၀၊ ကြက်ဥ အလုံး၄၀၀၀၊ ခေါက်ဆွဲခြောက် ၃၀၀၀ ထုပ်၊ ရေသန့်ဆေးပြား တစ်သောင်း၊ ဓာတ်ဆားထုပ် တစ်ထောင်၊ လက်သန့်ဆေးရည် ဘူးများကို ထောက်ပံ့ပေးအပ် ကြပြီး ကျန်းမာရေးစောင့်ရှောက် မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း များနှင့် လိုအပ်သည်များဆောင် ရွက်ပေးနိုင်ရန် တာဝန်ရှိသူများ အား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဖျောက်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက် ရောက်နေသော လူနာများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရူ စစ်ဆေးပြီး ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေး အပ်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)