ရန်ကုန် ဇူလိုင် ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ က အိမ်ရှင်အဖြစ်၂၀၂၅ခုနှစ်၊ စက်တင်ဘာတွင် ကျင်းပပြု လုပ်မည့် ကမ္ဘာ့နဂါးလှေပြိုင်ပွဲ သို့ မြန်မာလှေလှော် အားကစား အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည် ဟုသိရသည်။
ယင်း ပြိုင်ပွဲအတွက်လက် ရည်စစ်ပြိုင်ပွဲနှစ်ဆင့်ကျင်းပမည် ဖြစ်ပြီး ပထမအဆင့်လက်ရည် စစ်ပွဲကို ၂၀၂၄ခုနှစ်၊အောက်တို ဘာတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ပြုလုပ်မည်ဖြစ်ရာ မြန်မာ လှေလှော်အဖွဲ့ဝင်ရောက် ယှဉ် ပြိုင်ရန် ပြင်ဆင်လေ့ကျင့်လျက် ရှိသည်။(ပုံ)
ယင်းကမ္ဘာ့နဂါးလှေပြိုင်ပွဲ တွင် မီတာ ၂၀၀၊ မီတာ၅၀၀၊ မီတာ ၂၀၀၀ အပါအဝင် ပြိုင်ပွဲ အမျိုးအစားခြောက်မျိုးထည့် သွင်းကျင်းပမည် ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ပြုလုပ်မည့်ပထမလက် ရည်စစ်ပြိုင်ပွဲ၌ စံချိန်အကောင်း ဆုံးအသင်းနှစ်သင်းသည်တိုက် ရိုက်လက်ရည်စစ်ပွဲအောင်မြင် မည်ဖြစ်ပြီး ကမ္ဘာ့နဂါးလှေပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
ကျန်ပြိုင်ပွဲဝင်နိုင်ငံအသင်း များအနေဖြင့်ဖိလစ်ပိုင်တွင် ပြုလုပ်မည့် ဒုတိယလက်ရည် စစ်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြ ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲဝင် အသင်းများအနက်မှ အသင်း၁၀ သင်းကို ရွေးချယ်ကာကမ္ဘာ့ နဂါးလှေပြိုင်ပွဲတွင် အသင်း ၁၂ သင်းဖြင့် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့နဂါးလှေပြိုင် ပွဲတွင် မြန်မာအသင်းအတွက် အဓိက ပြိုင်ဘက်အသင်းမှာအိမ် ရှင်တရုတ်အသင်းဖြစ်ပြီးလက် ရည်တူအသင်းများဖြစ်သည့် ထိုင်းနှင့် ထိုင်ဝမ်အသင်း များလည်းပါဝင်ယှဉ်ပြိုင်မည်ဖြစ် ၍ မြန်မာလှေလှော်ကစားသမား များအတွက်စိန်ခေါ်မှု ပြင်းထန် သည့်ပြိုင်ပွဲ တစ်ရပ်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်ဌေး