နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုဆီမန်နှင့် ကာဗာရက်ရှီလီယာတို့ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ကမ်းလှမ်း

ဇူလိုင် ၁၆

နာပိုလီအသင်း တိုက်စစ်ကစားသမားများဖြစ်သည့် အိုဆီမန်နှင့် ကာဗာရက်ရှီလီယာတို့ နှစ်ဦးကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ ဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းခဲ့ကြောင်း သိရ သည်။

နာပိုလီအသင်း နည်းပြသစ် ကွန်တီက တိုက်စစ်မှူး အိုဆီမန်နှင့် ကာဗာရက်ရှီလီယာတို့ကို ရောင်းချမည်မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသော်လည်း အသင်းတာဝန်ရှိသူများက အိုဆီမန်ကို ပြောင်းရွှေ့ကြေးယူရို သန်း ၁၃၀ ရရှိပါက လက်လွှတ်သွားမည်ဟု ပြောကြားထားသဖြင့် ပီအက်စ်ဂျီအသင်းက ကစားသမားနှစ်ဦးကို ပြောင်းရွှေ့ကြေး သန်း ၂၀၀ ဖြင့် ခေါ်ယူရန် တရားဝင်ကမ်းလှမ်းခဲ့ ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် ကနဦးက အသင်းမှထွက်ခွာသွားသည့် အမ်ဘတ်ပီ နေရာတွင် အစားထိုးရန် တိုက်စစ်မှူး အိုဆီမန်ကိုသာ ခေါ်ယူရန် အာရုံစိုက်နေသော်လည်း ကာဗာရက်ရှီလီယာအနေဖြင့် အနာဂတ်တွင် ခြေစွမ်းပိုင်းတိုးတက်လာနိုင်သည့် ကစားသမားဖြစ် သည့်အပြင် ယူရိုပြိုင်ပွဲတွင်လည်း ဂျော်ဂျီယာအသင်းနှင့်အတူ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် ကစားသမားနှစ်ဦးစလုံးကို တိုက်စစ် ပိုင်းတွင် အသုံးပြုရန် ဆုံးဖြတ်၍ ကမ်းလှမ်းမှုပြုလုပ်ခြင်းဖြစ်  သည်။








သူရိန်






အခြားဆက်စပ်သတင်းများ