နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ် ကာကွယ်ရေး အသင့်စီမံဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်  နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဗိုလ်ချုပ်ကြီးမြထွန်းဦးသည်  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန် ရှိသူများ လိုက်ပါ၍ ဇူလိုင် ၁၃ ရက်က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ပန်းလှိုင် မြစ်ကမ်းပါးရေတိုက်စားမှုကာကွယ် ရေးလုပ်ငန်းများ၊ ဓနုဖြူမြို့ခံတပ်ဟောင်းနေရာအနီး ဧရာဝတီမြစ် ရေမြင့်တက်လာမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းများ၊ ဇလွန်မြို့နယ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရန် မြေထိန်း နံရံတည်ဆောက်နေသည့်လုပ်ငန်းများ၊ တာပေါင်များ၏ အခြေ အနေကို မျက်ခြည်မပျက် ကြည့်ရှုစစ်ဆေးရေး ဦးစားပေးအပိုင်း အလိုက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး၊ ဟင်္သာတမြို့နယ် အိပ် ပျက်ကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေကြောင်းပြောင်းလဲမှု ကြောင့် ရေတိုက်စားကမ်းပြို၍ ကျေးရွာနှင့် လယ်ယာမြေ နှစ်စဉ် ဆုံးရှုံးမှုနေရာများသို့ သွားရောက်၍ ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းဖော်ထုတ်၍ ရေဘေးကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်၊၊

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အဖျောက်မြို့ကို ဧရာဝတီမြစ်ရေမြင့်တက်လာမှုမှ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်နေသည့်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဇူလိုင်  ၁၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်၊၊

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၁၄ ရက်က ဧရာဝတီမြစ်ရေ ထူးကဲစွာ မြင့်တက်ခဲ့မှုကြောင့် ရွှေတောင် မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုများအား လိုအပ်သည်များ အချိန် နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီခဲ့သည်။ ရွှေတောင်မြို့နယ် ထန်းလုံးချောင်း ရေတားတာအလွန် ရွာမကျေးရွာအသွား လမ်းပေါ် ရှိ ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်လမ်းအနိမ့်ပိုင်း ပေ ၃၀ ခန့် ကျိုးပေါက်မှုဖြစ်ပွားရာနေရာတွင် တပ်မတော်သားများ၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူ များ စုပေါင်း၍ ရေဘေးကာကွယ်ရေးလုပ်ဆောင်မှုကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီ တိုင်း‌ဒေသကြီးတို့တွင် ရေဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် စုဖွဲ့စီမံဆောင်ရွက်လျက်ရှိရာ  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဆင့်ဆင့်သော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများက လည်း ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း   ။       






အခြားဆက်စပ်သတင်းများ