နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၄) လက်ထောက်ညွှန်ကြားရေးမှူးလုပ်ငန်းအကြိုသင်တန်း (၂ /၂ဝ၂၄) ဖွင့်ပွဲ ကျင်းပ

ရန်ကုန်   ဇူလိုင်  ၁၆

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၄)လက်ထောက်ညွှန် ကြားရေးမှူး လုပ်ငန်းအကြို သင်တန်း(၂/၂ဝ၂၄) ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ‌မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ် ရေးပညာဖွံဖြိုးမှု သင်တန်း ကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ပေးအပ်လာမည့် ရာထူး၊ တာဝန်နှင့်လျော်ညီစွာအရည် အချင်းပြည့်ဝစွာဖြင့် ဦးဆောင် ဦးရွက်ပြုတာဝန်ယူနိုင်စေရန်၊ နိုင်ငံတော်ကချမှတ်‌သော မူဝါဒ၊ လုပ်ငန်းစဉ်များ၊ မိမိဌာန၏ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်၊  နိုင်ငံတော်နှင့်ပြည်သူ့အကျိုး စီးပွားကို စေတနာထား ဆောင် ရွက်တတ်စေရန်နှင့် နိုင်ငံတော် က အားထားယုံကြည်ရသည့် အရာရှိကောင်းများဖြစ်လာစေ ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ပြည်ထဲ ရေးဝန်ကြီးဌာန ရည်မှန်းချက် တာဝန် (၄) ရပ်ဖြစ်သောနိုင်ငံ တော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာ ယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို စွမ်း ဆောင်ရည်ကောင်းများအဖြစ် အကောင်အထည်ဖော်ဆောင် ရွက်ပြီး ပြည်သူလူထုက ယုံ ကြည်အားကိုးရ‌သည့် အုပ်ချုပ် ရေးမှူးကောင်းများ ဖြစ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြော ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီးထံ  သင်တန်းအတွက်ထောက်ပံ့ငွေများပေးအပ်သည်။

အဆိုပါ သင်တန်းကို နေပြည်တော်(ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့်     ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးများမှ သင်တန်းသား (၇၀)ဦး နှင့် သင်တန်းသူ (၅၀)ဦး တို့           တက်‌ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာပထမပတ်အထိဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က သင်တန်း သား၊သင်တန်းသူများအား ရင်း ရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာသင်တန်းကျောင်းရှေ့ မြက်ခင်း ပြင်တွင် စိန်ပန်း၊ ခရေ၊ မယ် ဇယ်၊ထိုင်ဝမ်ဗန်ဒါ၊ပျဉ်းကတိုး၊ ကံ့ကော်၊ မဟော်ဂနီစုစုပေါင်း အပင် (၂၀၀) ကို သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ် တရ စုပေါင်းစိုက်ပျိုးပေး သည်။

   






ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ