ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်နေသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရောဂါထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၄) တွင် ပြုလုပ် သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်းက တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်အဖွဲ့များ ဖွဲ့၍ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ Hand Speaker များဖြင့် လူစုလူဝေးများရှိသည့် နေရာများတွင် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ YBS ယာဉ်လိုင်းများတွင် စတေကာများကပ်ခြင်း၊ ခရီးသည်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တိုင်းဒေသကြီးအတွင်း ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်မည့် အစီ အစဉ်များ၊ ဦးစားပေးဆောင်ရွက်ရမည့် မြို့နယ်များနှင့်ဆက်လက် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ရောဂါပိုးရှိသူ၏ မိသားစုဝင်များတွင် ၎င်းရောဂါဖြစ်နိုင်ပြီး ရောဂါ လက္ခဏာမပြ၍ စိုးရိမ်ရသည့်အနေအထားဖြစ်၍ ရောဂါဖြစ်သူ၏ မိသားစုဝင်များကို စောင့်ကြည့်ရမည့် အခြေအနေများကိုလည်း ကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ရေသန့်စက်ရုံများနှင့် မြို့နယ်များသို့ ရေနမူနာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တရားဝင်လိုင်စင် မရှိဘဲ ရေသန့် ထုတ်လုပ်ရောင်းချနေမှုများနှင့် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ရောင်းချနေသော်လည်း အရည်အသွေးကျဆင်းနေသည့် ရေသန့်စက်ရုံနှင့် ကုမ္ပဏီများကို တားဆီးပိတ်သိမ်းရန် တင်ပြထား ရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပိုးတွေ့လူနာနေအိမ်နှင့် ၎င်း၏မိသားစုဝင်များ၊ ၎င်းနေထိုင်သည့် ပတ်ဝန်းကျင်နှင့် ရပ်ကွက်တွင် ကလိုရင်းဆေးခတ်၍ ရေသုံးစွဲမှု စနစ်ကို အဓိကကြီးကြပ်ဆောင်ရွက်ရန်နှင့် ဖွဲ့စည်းထားသည့်အဖွဲ့ များက အထက်ပါနေရာများကို စောင့်ကြပ်ကြည့်ရှု၍၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ အဖြစ်အများဆုံး မြို့နယ်များ၏ ရပ်ကွက် များကို စနစ်တကျဂရုတစိုက်ဆောင်ရွက်ရန်၊ ပိုးတွေ့လူနာများ၏ နေရပ်လိပ်စာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရန်နှင့် လူနာ၏ အချက်အလက်ရရှိသည်နှင့် တစ်ပြိုင်နက် အဆိုပါနေရာသို့ ထပ်မံကူးစက်မှုမရှိစေရေး အဖွဲ့များဖြင့် ဆောင်ရွက်မည့်အခြေအနေ များ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအပိုင်းများတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက် များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်နှင့် တင်ပြချက် များကို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည် များ ဆွေးနွေး မှာကြားသည်။ ဆန်းကျော်ဦး(ပြန်/ဆက်)
ရောဂါပိုးရှိသူ၏ မိသားစုဝင်များတွင် ၎င်းရောဂါဖြစ်နိုင်ပြီး ရောဂါ လက္ခဏမပြ၍ စိုးရိမ်ရသည့်အနေအထားဖြစ်၍ ရောဂါဖြစ်သူ၏ မိသားစုဝင်များကို စောင့်ကြည့်ရမည့် အခြေအနေများကိုလည်း ကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ရေသန့်စက်ရုံများနှင့် မြို့နယ်များသို့ ရေနမူနာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တရားဝင်လိုင်စင် မရှိဘဲ ရေသန့် ထုတ်လုပ်ရောင်းချနေမှုများနှင့် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ရောင်းချနေသော်လည်း အရည်အသွေးကျဆင်းနေသည့် ရေသန့်စက်ရုံနှင့် ကုမ္ပဏီများကို တားဆီးပိတ်သိမ်းရန် တင်ပြထား ရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပိုးတွေ့လူနာနေအိမ်နှင့် ၎င်း၏မိသားစုဝင်များ၊ ၎င်းနေထိုင်သည့် ပတ်ဝန်းကျင်နှင့် ရပ်ကွက်တွင် ကလိုရင်းဆေးခတ်၍ ရေသုံးစွဲမှု စနစ်ကို အဓိကကြီးကြပ်ဆောင်ရွက်ရန်နှင့် ဖွဲစည်းထားသည့်အဖွဲ့ များက အထက်ပါနေရာများကို စောင့်ကြပ်ကြည့်ရူ၍၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ အဖြစ်အများဆုံး မြို့နယ်များ၏ ရပ်ကွက် များကို စနစ်တကျဂရုတစိုက်ဆောင်ရွက်ရန်၊ ပိုးတွေ့လူနာများ၏ နေရပ်လိပ်စာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြရန်နှင့် လူနာ၏ အချက်အလက်ရရှိသည်နှင့် တစ်ပြိုင်နက် အဆိုပါနေရာသို့ ထပ်မံကူးစက်မှုမရှိစေရေး အဖွဲ့များဖြင့် ဆောင်ရွက်မည့်အခြေအနေ များ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအပိုင်းများတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက် များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်နှင့် တင်ပြချက် များကို ချက်ခြင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည် များ ဆွေးနွေး မှာကြားသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)