ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ် (Yangon Regional Tourism Develo-pment Forum) ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီး သွား ညွှန်ကြားမှုဦးစီးဌာနညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ် ဒေသစီမံခန့် ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ယိမ်း အဖွဲ့က “ရွှေလက်ကမ်း၍ကြိုလျက်ပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက် ရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူလူထုအားလုံး တက်တက်ကြွကြွပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ကြောင်း။ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျှော်မှန်း၍ လက်တွေ့ကျပြီး စနစ် တကျဆောင်ရွက်နိုင်သည့် အစီအမံများကို တက်ရောက်လာကြ သူများအားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း၊ ယခုဖိုရမ်မှ ရရှိလာမည့် ဆွေးနွေးမှုရလဒ်များကိုလည်း အထူးဂရုပြု အလေးထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေး ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း က ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရန်ကုန် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ခရီး စဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ ပါဝင်သည့်အဖွဲ့ငါးဖွဲ့ ဖွဲ့၍ သက်ဆိုင်ရာခေါင်းစဉ် အလိုက် ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်နှင့် ရန်ကုန်တိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုစေနိုင် မည့် စီမံချက် (Yangon Regional Tourism Development Plan)ကို ရေးဆွဲနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “သွေးချင်းတိုရဲ့မြေ” သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့နှင့် ဖိုရမ်တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ယိမ်း အဖွဲ့က “ရွှေလက်ကမ်း၍ကြိုလျက်ပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက် ရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူလူထုအားလုံး တက်တက်ကြွကြွပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ကြောင်း။ ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မျှော်မှန်း၍ လက်တွေ့ကျပြီး စနစ် တကျဆောင်ရွက်နိုင်သည့် အစီအမံများကို တက်ရောက်လာကြ သူများအားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း၊ ယခုဖိုရမ်မှ ရရှိလာမည့် ဆွေးနွေးမှုရလဒ်များကိုလည်း အထူးဂရုပြု အလေးထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေး ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း က ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရန်ကုန် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ခရီး စဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ ပါဝင်သည့်အဖွဲ့ငါးဖွဲ့ ဖွဲ့၍ သက်ဆိုင်ရာခေါင်းစဉ် အလိုက် ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်နှင့် ရန်ကုန်တိုင်း ဒေသကြီး ခရီးသွားလုပ်ငန်းဖွံဖြိုးရေးကို အထောက်အကူပြုစေနိုင် မည့် စီမံချက် (Yangon Regional Tourism Development Plan)ကို ရေးဆွဲနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “သွေးချင်းတိုရဲ့မြေ” သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့နှင့် ဖိုရမ်တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်ကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)