နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုလျှံ ဆိုလာလျှပ်စစ်ဓာတ်အားများ ဗီယက်နမ် အစိုးရ ဝယ်ယူမည်

ဟနွိုင်း ဇူလိုင် ၁၅

ဗီယက်နမ်နိုင်ငံရှိ နေအိမ်နှင့် ရုံးများတွင် တပ်ဆင်ထားသည့်ဆိုလာ စနစ်များမှ ထွက်ရှိလာသောပိုလျှံ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူ ပြီး အစိုးရ၏ ဗဟိုဓာတ်အားပေး ကွန်ရက်တွင် ပေါင်းစပ်ထည့်သွင်းမည် ဖြစ်ကြောင်း ဗီယက်နမ်အမျိုးသား ဓာတ်အားပေးလုပ်ငန်း( EVN )က ဇူလိုင် ၁၄ ရက်တွင် ပြောသည်။

နေအိမ်နှင့်ရုံးများမှ ထွက်ရှိလာ သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနထံ အကြောင်းကြားထားပြီး ၁၀ ရာခိုင်နှုန်း အထိ ဝယ်ယူနိုင်ရန် မျှော်မှန်းထား ကြောင်း ဒုတိယဝန်ကြီးချုပ် ထရန် ဟောင်ဟာက ပြောသည်။

နေအိမ်နှင့်ရုံးများမှ ထွက်ရှိသည့် ဆိုလာလျှပ်စစ်ကို တစ်ကီလိုဝပ် နာရီလျှင် ဒေါင်ငွေ ၆၇၁နှင့် ဝယ်ယူရန် အဆိုပြုထားပြီး ယင်းပမာဏသည် အစိုးရက ဆိုလာစွမ်းအင်ကုမ္ပဏီများ ထံမှ ဝယ်ယူနေသည့် လက်ရှိပေါက် ဈေးထက် ထက်ဝက်ခန့်သက်သာ ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံရှိ နေအိမ်နှင့်ရုံး ထက်ဝက်ခန့်တွင် ဆိုလာပြားများ တပ်ဆင်ခြင်းဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရန် မျှော်မှန်း ထားပြီး လက်ရှိတွင် ခေါင်မိုးပေါ်တင် ဆိုလာစီမံကိန်း ၁၀၃,၀၀၀ ရှိကာ လျှပ်စစ်ဓါတ်အား ၉ ဒသမ ၅ ဂစ်ဂါဝပ် ထုတ်လုပ်နေကြောင်း သိရသည်။        








(ref:Reuters)






အခြားဆက်စပ်သတင်းများ