နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေး ကြိုတင်ကာကွယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်၀န်းတွင် သဘာ၀ဘေးများ တွေ့ကြုံနေရသည်။ မုတ်သုံ မိုးအားကောင်းနေကြောင်း မိုး လေ ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက်  မိုးသည်းထန်စွာ ရွာ သွန်းမှု၊  မိုးရေချိန် စံချိန်တင်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိလာပြီးသကဲ့သို့ နောက်ရက်များတွင် မြစ်ရေများ ပြန် လည်ကျဆင်းခဲ့သည်။

 မြစ်ရေ၀င်ရောက်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င်များ၊ နယ်မြေခံတပ်မတော်သားများ၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများ၏ ပစ္စည်းများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေ ဘေးသင့်ပြည်သူများကို ဘေးလွတ်ရာနေရာနှင့် ရေဘေးရှောင် စခန်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားရေရိက္ခာနှင့်လိုအပ် သော ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

မြန်မာနိုင်ငံက လူငယ်အများစုသည် ပရဟိတစိတ်ဓာတ်  ပြည့်၀ကြသဖြင့်  ဖြစ်ပေါ်ခဲ့သော  သဘာ၀ဘေးအန္တရာယ် များတွင် အများအကျိုးအတွက်  စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသား ကြိုးစားမှုပုံရိပ်များကို ကမ္ဘာကပင် အသိအမှတ်ပြုကြရသည်။

သဘာ၀ဘေးအန္တရာယ်အမျိုးမျိုးတို့၏ အန္တရာယ်ကို လျင်မြန်စွာ တုံ့ပြန်ကျော်လွှားရာတွင် ပရဟိတလူငယ်များ၏ တက်ကြွစွာ ါ၀င်ဆောင်ရွက်မှုသည် အလွန်ထိရောက်အကျိုးရှိ လှသည်။ ယခုအခါ မြန်မာနိုင်ငံအောက်ပိုင်းရှိ အချို့မြို့နယ်များ တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရန်  ထိခိုက်ပျက်စီးမှုများ  လျော့နည်းစေရန်နှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို  လျင်မြန်စွာ  တုံ့ပြန် ဆောင်ရွက်ရန် စုဖွဲ့မှုဖြင့် သရုပ်ပြလေ့ကျင့်မှုများကို သက် ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ 

သဘာ၀ဘေးအန္တရာယ် အမျိုးမျိုးတို့၏ အန္တရာယ်ကို လျင်မြန်စွာ ရင်ဆိုင်တုံ့ပြန်ကျော်လွှားရာတွင်  ပရဟိတလူငယ် များ၏ တက်ကြွစွာ ပါ၀င်ဆောင်ရွက်မှုသည် အလွန်ထိရောက် အကျိုးရှိသကဲ့သို့ ပြည်သူများနှင့်သက်ဆိုင်ရာအဖွဲ့အစည်း များကလည်း  ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ထားနိုင်ရန် ကြိုးပမ်းစွမ်းဆောင်စေချင်ကြောင်း ။     






အခြားဆက်စပ်သတင်းများ