ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက်က တိုက်ကြီးမြို့နယ် အဖျောက်မြို့ကို ဧရာဝတီမြစ် ရေမြင့်တက်လာမှုမှ ကာကွယ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် နေသည့် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက် ရေးဦးစီးဌာနက တိုက်ကြီး မြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ရှိ အဖျောက်မြို့ ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးကြ သည်။
ထို့နောက် ရှင်းလင်းဆောင် တွင် တာဝန်ရှိသူများကဧရာဝတီ မြစ်ရေ မြင့်တက်လာချိန်တွင် အဖျောက်မြို့ကို ရေကြီးနစ်မြှုပ် မှုမှ ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် မြစ်ကမ်းဘေးတွင် ကမ်းထိန်းလုပ်ငန်းဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊ ရေပြန်ရွာသစ်ကျေးရွာရှိ အ.မ.က (ရေပြန်) စာသင် ကျောင်း ပြောင်းရွှေ့ထားရှိသည့် အခြေအနေများ၊ ရေပြန်ကျေး ရွာကို ရေကာတန်းများဆောင် ရွက်ထားရှိမှု၊ ကမ်းရင်းတာနှင့် ပန်းတာအတွင်း နေထိုင်လျက်ရှိ သည့် အိမ်ခြေ ၇၄ လုံးကို ပြောင်းရွှေ့နေရာချထားမှုများ နှင့်ပန်းတုန်းပိတ်ကျေးရွာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခြောက်နာရီခြား တစ်ခါ ရေအတက်အကျတိုင်းတာ ၍ သတင်းပို့ရန်၊ ယခင်နှစ်များ က ကမ်းပြိုသည့်နေရာများကို ကြံ့ခိုင်မှုရှိသော ရေကာများဖြစ် စေရေးနှင့် ဧရာဝတီမြစ်ရေမြင့် တက်ချိန်ရောက်ရှိပါက မြစ် ကမ်းပါးများ ထပ်မံပြိုကျလာ နိုင်ခြင်း၊ ဧရာဝတီမြစ်ရေမြင့် တက်လာနိုင်ခြင်းနှင့်သဘာဝ ဘေးအန္တရာယ်များသည်အချိန် မရွေးကျရောက်လာနိုင်ခြင်း တို့ကြောင့်၊ တာဝန်ရှိသူများ အနေဖြင့် ယခုကတည်းက လုပ်ငန်းများကို ပေါင်းစပ်ညှိ နှိုင်း၍ စနစ်တကျဆောင်ရွက် ကြရန် မှာကြားပြီး၊ လိုအပ်သည် များကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တိုက်ကြီးမြို့နယ် အဖျောက် မြို့ အဖျောက်တာ ဧရာဝတီ မြစ်၏ စိုးရိမ်ရေအမှတ်မှာ ၃၅ ပေဖြစ်ရာ ဇူလိုင် ၁၃ ရက် နံနက် ၆ နာရီအချိန် ရေမှတ်မှာ ၃၁ ဒသမ ၆ ပေအထိ ရောက် ရှိခဲ့သည်။ ထို့ကြောင့် အဖျောက် မြို့ရုံးတွင် လိုအပ်လျှင်အသုံးပြု နိုင်ရန် ကယ်ဆယ်ရေးပစ္စည်း များ ထားရှိကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)