ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက်လမ်း မိုင်တိုင် ၃၄/၆ အနီး ဧက ၂၀၀၀ မြေ နေရာတွင် မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင် ရွက်နေသည့်လုပ်ငန်းခွင်အတွင်း တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာ၌ ယာယီ ရှင်းလင်းဆောင်တွင် တိုင်း ဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများက မွေးမြူရေးဇုန်အတွင်း လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ ရေရရှိရေး ချောင်းပိတ်တမံ ဆောင်ရွက်ပြီးစီးမှု၊ လျှပ်စစ် ဓာတ်တိုင်များစိုက်ထူ၍ လျှပ်စစ် မီးရရှိရေးဆောင်ရွက်နေမှု၊ Box Culvert များဆောင်ရွက် နေမှုနှင့်ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြရာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကဖြည့်စွက် ရှင်းလင်း တင်ပြကြ သည်။
ရှင်းလင်း တင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး၊ ရှင်းလင်းဆောင် တည်ဆောက်နေသည့် လုပ်ငန်း ခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် အင်းယက်ကြီး ကျေးရွာတောင်သူ ဦးကျော်ဝင်း ၏ လယ် နှစ်ဧကတွင် ဆင်းသုခ မျိုးစပါးကို မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုး နေမှုကို ကြည့်ရှုအားပေးသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)