နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိမ်းရိုဒရီဂွက်ဇ်ကိုခေါ်ယူရန် ဆိုစီဒက်အသင်း ကြိုးပမ်း

ဇူလိုင် ၁၄

ကိုပါ အမေရိကဖလား ပြိုင်ပွဲတွင် ကိုလံဘီယာအသင်း နှင့် ခြေစွမ်းပြသနေသည့် တိုက်စစ်မှူး ဂျိမ်းရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် ဆိုစီဒက်အသင်းက ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဂျိမ်းရိုဒရီဂွက်ဇ်သည် ကိုပါ အမေရိကဖလားပြိုင်ပွဲတွင် ကိုလံဘီယာအသင်းကို ဦးဆောင် ၍ သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီး မှု ခြောက်ကြိမ်ထိပြုလုပ်နိုင်ခဲ့ သောကြောင့် ဆိုစီဒက်အသင်း က စပိန်လာလီဂါသို့ ခေါ်ယူရန် ကြိုးပမ်းနေပြီး အေတီကိုအသင်း ကလည်း ၎င်းကိုခေါ်ယူရန် အပြိုင် ကြိုးပမ်းလျက်ရှိသည်။

ဂျိမ်းရိုဒရီဂွက်ဇ်သည် ဘရာဇီး ကလပ် ဆော်ပေါ်လိုအသင်း နှင့် စာချုပ်ကုန်ဆုံးရန် ၁၂ လသာ ကျန်ရှိတော့သဖြင့် စာချုပ် ဖျက်သိမ်းကြေးဖြင့် ခေါ်ယူရန် အေတီကိုအသင်းနှင့် ဆိုစီဒက် အသင်းတို့က အပြိုင်ကြိုးပမ်း နေခြင်းဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ