နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ် နေအိမ်တစ်သန်းနီးပါး ဓာတ်အားပြတ်တောက်

တက္ကဆက် ဇူလိုင် ၁၄

ဟာရီကိန်းမုန်တိုင်း ဘာရီးလ် ဝင်ရောက်ပြီး ငါးရက်ကြာသည်အထိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ရှိ နေအိမ်ပေါင်းတစ်သန်းခန့် လျှပ်စစ် မီးပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

တက္ကဆက် ပြည်နယ်တွင် ဘာရီးလ်မုန်တိုင်း ဝင်ရောက်ပြီးနောက် နေအိမ်နှင့် စီးပွားရေးလုပ်ငန်း အနည်း ငယ်ကိုသာ လျှပ်စစ်မီး ပြန်ပေးနိုင်ပြီး နေအိမ် ၁ ဒသမ ၄ သန်းလျှပ်စစ်မီးမရ ရှိသေးကြောင်း  အကြီးဆုံးလျှပ်စစ် လုပ်ငန်း Center Point Energy က ကြေညာထားသည်။

ဟူစတန်မြို့တွင် အပူချိန်မြင့်တက် နေခြင်းကြောင့်  ဒေသခံများသည် လျှပ်စစ်မီး  ပြန်မရခြင်းကိုစိုးရိမ်နေ ကြပြီး အပူချိန် ၂၈ ဒီဂရီ ဆဲလ်စီး ယပ်စ်သို့ ရောက်ရှိနေချိန်တွင် လျှပ်စစ် ဓာတ်အားမရသဖြင့်  စီးပွားရေးလုပ်ငန်း အချို့ကို ပိတ်သိမ်းထားရကြောင်း သိရ သည်။

ဘာရီးလ်မုန်တိုင်းသည် ရှေ့ပြေး အဆင့်သာရှိသေးပြီး  ယခုနှစ်တွင် မုန်တိုင်းကြီး  ခြောက်ကြိမ်အထိ ဝင် ရောက်နိုင်ကာ ပြင်းအား တစ်နာရီလျှင် ၁၁၁ မိုင်နှုန်းအထိ  ရှိနိုင်ကြောင်း ကိုလိုရာဒို ပြည်နယ်တက္ကသိုလ်မိုးလေ ဝသပညာရှင်များက ခန့်မှန်းထားသည်။









(ref:Reuters)






အခြားဆက်စပ်သတင်းများ