ရန်ကုန် ဇူလိုင် ၁၄
(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ဇူလိုင် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်းတွင် ကျင်းပသည်။(ပုံ)
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောသည်။
ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ဆက်လက်ကျင်းပကြရာ ကဗျာ ပြိုင်ပွဲတွင် ၂၂ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ၆၃ ဦး နှင့် ပန်းချီပြိုင်ပွဲတွင် ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင် ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ဇင်မင်းထိုက်
(ထန်းတပင်)