ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းတို့ သည် ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်ကျောင်း များနှင့်ဈေးများတွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ကြသည်။
ထိုသို့တွေ့ဆုံရာတွင် သန်လျင်ခရိုင် ပြည်သူ့ ဆေးရုံအုပ်ကြီး၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုနှင့်ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်ဈေးများ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်း ဒေသကြီး ဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး တာဝန်ရှိသူများနှင့်အတူ သန်လျင်မြို့မစျေး အတွင်း ဈေးရောင်းချနေမှု၊ မြို့မစျေးရေလှောင် ကန်အတွင်း ကလိုရင်းဆေးခတ်ခြင်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ တို့သည် သန်လျင်မင်းကျောင်းဆရာတော် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအား ဖူးမြော်ကြည်ညိုကာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် ကာဘော်လစ်ဆပ်ပြာနှင့် ဓာတ်ဆား များ ဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့ သည် အုတ်ဖိုစုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်ဝမ်းပျက်၊ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာဘော် လစ်ဆပ်ပြာနှင့် ဓာတ်ဆားများကို ကျောင်းအုပ် ဆရာမကြီးထံပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ ရေကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ အမှုထမ်း ရပ်ကွက်အတွင်း ထုံးဖြူးခြင်းစသည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆောင် ရွက်ထားရှိမှုများကို ကွင်းဆင်း ကြည့်ရှုပြီး ကဘော်လစ်ဆပ်ပြာနှင့်ဓာတ်ဆားများကို တာဝန် ရှိသူများထံ ပေးအပ်သည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)