နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ၁/၂ဝ၂၄ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၄

ရန်ကုန်တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့ ၁/၂၀၂၄ ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ တွင်ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ ဝင်များ၊တိုင်းဒေသကြီး အခွန် ကောက်ခံမှု အထောက်အကူ ပြုအဖွဲ့ဝင်များ၊ အခွန်၊ အခ ကောက်ခံမှုနှင့် သက်ဆိုင်သော တိုင်းဒေသကြီးအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ “အခွန်ကောက်ခံရာ တွင် အခွန်နှုန်းထားကို တိုးမြှင့် ကောက်ခြင်းမပြုဘဲ ဥပဒေနှင့် အညီ ရသင့်ရထိုက်သည့် အခွန် အခများ ကောက်ခံရရှိစေရေး အတွက် ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သွားရန် နှင့် ယခင်ရှိပြီး အခွန်နှုန်းထား များအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိစေရန် ကောက်ခံခြင်းများကို ပြုလုပ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း" လမ်းညွှန်မှာကြား ထားခဲ့ပြီးဖြစ်၍ တိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာဌာန များအနေဖြင့် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှာကြားချက် များအပေါ် တည်ဆဲအခွန်ဥပဒေ များနှင့်အညီ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေ များ အပြည့်အဝရရှိစေရေး အတွက် အဓိကအကောင် အထည်ဖော် ဆောင်ရွက်ရသူ များဖြစ်သဖြင့် ပြည်ထောင်စု အဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လမ်း ညွှန်ချက်နှင့်အညီ နယ်ပယ် အလိုက် ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက အခွန်ကိစ္စရပ် များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့တွဲဖက် အတွင်းရေးမှူး ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးက အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာ ကြသူများက ရန်ကုန်တိုင်းဒေသ ကြီးအခွန်ကောက်ခံမှုအခြေ အနေများကို ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီး အခွန် ကောက်ခံမှုအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားသည်။

 








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ