နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်၊ သေနပ်ချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား တက်ရောက်

ရန်ကုန်  ဇူလိုင်  ၁၄

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သေနပ်ချောင်း သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ငါးမျိုး စိုက်ထည့်မည့် နှစ်လက်မအရွယ် ငါးသားပေါက်များကို ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံ သို့ ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ အပါအဝင် တိုင်းဒေသကြီး ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများက ငါးမြစ်ချင်း တစ်သိန်း၊ ငါးခုံးမ တစ်သိန်း၊ စုစုပေါင်း နှစ်လက်မအရွယ် ငါးသားပေါက် အကောင်ရေ နှစ်သိန်းကို သေနပ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုး စိုက်ထည့်ပေးကြသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးသယံဇာတ များ စဉ်ဆက်မပြတ် ရေရှည် ထိန်းသိမ်းရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေ ရန် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့စေရန်၊ ငါးရိက္ခာ များ ရေရှည်စားသုံးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ငါးသား ပေါက်ကောင်ရေ ၁၀၃ ဒသမ ၆၀ သိန်း မျိုးစိုက်ထည့်ရန် လျာထားကြောင်း သိရသည်။









ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ