နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချိန်ပီယံဖလားကိုင်မြှောက်ခွင့်ရတော့မယ့် နေ့ရက်ထွက်ပေါ်လာ

ဇူလိုင်  ၅

လီဗာပူးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေထဲက ပွဲစဉ်တိုင်းရဲ့နေ့ရက်တွေ၊ အချိန်တွေထဲက အတည်မပြုရ သေးတဲ့ အာဆင်နယ်၊ ချယ်ဆီး၊ နယူးကာဆယ်ပွဲတွေရဲ့ နေ့ရက်နဲ့အချိန်တွေထပ်ထွက်လာတာကြောင့် အိမ်ကွင်းမှာ ချယ်ဆီးကို ဇူလိုင် ၂၂ ရက် (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၁ နာရီ ၄၅ မိနစ်)မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲဟာ လီဗာပူးအတွက် အိမ်ကွင်းနောက်ဆုံးပွဲဖြစ်ပြီး ပွဲအပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖလား ကြီးကို ကိုင်မြှောက်ခွင့်ရမှာလဲဖြစ်ပါတယ်။ တကယ်တမ်းကတော့ ချယ်ဆီးနဲ့ပွဲဟာ ဇူလိုင်လ ၁၈ ရက်မှာ ကစားရမှာဖြစ်ပေမဲ့ ဇူလိုင် ၁၉ ရက်မှာ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အက်ဖ်အေဖလားပွဲကစားရမှာဖြစ်လို့ ပွဲစဉ် ရွှေ့ဆိုင်းခဲ့တာဖြစ်တယ်။

ဇူလိုင် ၂၃ ရက်ကတော့ လီဗာပူးသမိုင်းမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ရက်ပေါင်း ၁၁၀၄၀ အကြာမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်က သမိုင်းဝင်ဆုဖလားကြီးကို ကိုင်မြှောက်ပေးမှာဖြစ်ပါတယ်။ အဲဒီရက်မှာ ပရိသတ်တွေကွင်းအနီးမလာဖို့နဲ့ လူစုလူဝေးနဲ့အောင်ပွဲမခံဖို့၊ စည်းကမ်းမဲ့စွာအောင်ပွဲမခံဖို့တို့ကို တားမြစ်မှု တွေ ယခုကပင်စတင်စည်းရုံးဆောင်ရွက်နေပြီဖြစ်ပါတယ်။ 

So






အခြားဆက်စပ်သတင်းများ