နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာယီ ဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး

ရန်ကုန် ဇူလိုင် ၁၃

လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၅၀၀ ကေဗွီ၊ ဘုရားကြီး - လှိုင် သာယာ ဓာတ်အားလိုင်းတည် ဆောက်ခြင်းလုပ်ငန်း ဆောင် ရွက်မှုကြောင့် မြို့နယ်များအပါ အဝင် နေရာ ၁၅ ခု၌ လေးရက် အတွင်း ယာယီဓာတ်အားပြတ် တောက်မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေး ရှင်း (YESC) က ဇူလိုင် ၁၂ ရက် တွင် ထုတ်ပြန်အသိပေးထား သည်။

အဆိုပါ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ကြောင့် မလွတ်ကင်းသော ၂၃၀ ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနှင့် မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်းတို့ကို ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အတွင်း နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဓာတ် အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်နေစဉ် အတွင်း ၂၃၀ ကေဗွီ လှိုင်သာ ယာပင်မခွဲရုံ၊ ၂၃၀ ကေဗွီ မြောင်းတကာပင်မခွဲရုံ၊    ၂၃၀ ကေဗွီ အနောက်ပိုင်းတက္ကသိုလ် ခွဲရုံနှင့် ၂၃၀ ကေဗွီ ကနောင်ပင်မ ရုံများမှ ဓာတ်အားဖြန့်ဖြူးပေး ထားသည့် ၃၃ ကေဗွီဖီဒါများ အား ဝန်အားထိန်းညှိဆောင် ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည် သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ဆိပ် ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့ နယ်များ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက် မှု ရှိမည်ဖြစ်သည်။

ထို့ပြင် YESC အနေဖြင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အား ပြတ်ဧရိယာ လျော့နည်းစေရေး အတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။







အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ