နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဒေလီမြို့ တူးမြောင်းကျိုး ရေလွှမ်းမိုးမှုဖြစ်ပွား

နယူးဒေလီ ဇူလိုင် ၁၃

နယူးဒေလီအနောက်မြောက်ပိုင်းရှိ ပြည်နယ်များကို ရေဖြန့်ဝေနေသော တူးမြောင်းတစ်ခုကျိုးပေါက်သဖြင့် အဆိုပါဒေသအနီးတစ်ဝိုက် ရေလွှမ်းမိုးမှု ဖြစ်‌ပေါ်လျက်ရှိပြီး ပြုပြင်ရေးလုပ်ငန်း များ  လုပ်ဆောင်နေကြောင်း ဒေသ အကြီးတန်း အရာရှိတစ်ဦးက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။

မြို့တော်၌နေထိုင်သူများသည် ပြီးခဲ့သည့်နှစ်လအတွင်း အပူချိန် အဆမတန်မြင့်မားမှုကို ရင်ဆိုင်ခဲ့ရပြီး ရေကြီးရေလျှံခြင်းအပါအဝင် မိုးသည်း သဖြင့် လေဆိပ်အမိုး ပြိုကျသည်အထိ ဆိုးရွားသော ရာသီဥတု ဒဏ်ကို ဆက် တိုက်ခံစားခဲ့ရသည်။

ယခု ကျိုးပေါက်သည့် တူးမြောင်း သည် မြူးနက်ခ်အမည်ရှိ တူးမြောင်း ဖြစ်ပြီး ယမုံနာမြစ်အနီးတည်ရှိကာ လက်ရှိအချိန်အထိ ရေကြီးမှုဖြစ် စဉ်အတွင်း အသက်ဆုံးရှုံးမှုများ မရှိ ကြောင်း သိရသည်။

နယူးဒေလီနှင့်  အနီးတစ်ဝိုက် ဒေသများသည် ယမုံနာမြစ်ရေကိုသာ အဓိကအားထားနေရပြီး အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အချိန် ပြည့်ခံစားနေရကာ မကြာသေးမီက လည်း အာသံပြည်နယ်၌ မိုးကြီး ရေလျှံမှုကြောင့် လူပေါင်း ၇၉ ဦး ‌သေဆုံး ကာ လူထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။










(ref:CNA)






အခြားဆက်စပ်သတင်းများ