နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေတ်ဟောင်း ကွန်ပျူတာသိမ်းဆည်းမှုစနစ်များ ဖယ်ရှား

တိုကျို  ဇူလိုင် ၁၃

ဂျပန်နိုင်ငံတွင် ခေတ်ဟောင်း ကွန်ပျုတာ သိမ်းဆည်းမှုစနစ် floppy disks အသုံးပြုမှုကို ‌လုံးဝဖယ်ရှား လိုက်ပြီ ဖြစ်ကြောင်း ဂျပန်အစိုးရက ဇူလိုင် ၁၂ ရက်တွင် ကြေညာသည်။

နိုင်ငံတိုးတက်ခေတ်မီရေးအတွက် ခေတ်ဟောင်းကွန်ပျူတာ သိမ်းဆည်း မှု စနစ်ကို ဖယ်ရှားရန် ဂျပန်အနေဖြင့် ဆယ်စုနှစ် နှစ်ခုကြာ စောင့်ဆိုင်းပြီး နောက် ယခုမူ အလုံးစုံဖယ်ရှားလိုက် ပြီဖြစ်သည်။

Floppy disks ဆိုသည်မှာ ခေတ် ဟောင်း သိမ်းဆည်းမှု စနစ်တစ်ခုဖြစ် ပြီး သေးငယ်သည့် မမ်မိုရီစတစ်ခ်၊ မမ် မိုရီကတ်များ မ‌ပေါ်မီက ကွန်ပျူတာ နှင့်ချိတ်ဆက်အသုံးပြုရ သောပစ္စည်း ဖြစ်ကာ ဒေတာအချက်အလက်ပမာဏ အနည်းငယ်ကိုသာ သိမ်းဆည်းပေး ထားနိုင်သည့် ကိရိယာဖြစ်သည်။

ဂျပန်နိုင်ငံတစ်ဝန်း ကာကွယ်ဆေး များထိုးနှံမှုနှင့်  စမ်းသပ်မှုများတွင် အစိုးရအနေဖြင့် ခေတ်မမီတော့သည့် စာရွက်စာတမ်း လုပ်ထုံးလုပ်နည်းများ နှင့် နည်းပညာများကို ဆက်လက် အားကိုးနေရသည့်အတွက် ခေတ်မီ နည်းပညာများနှင့် အစားထိုးနိုင်ရန် အတွက် ဒစ်ဂျစ်တယ် အေဂျင်စီကို တည်ထောင်ထားပြီးဖြစ်ကြောင်း သိရသည်။                                                 

 







(ref:Reuters)






အခြားဆက်စပ်သတင်းများ