နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂၂/၂၀၂၄) ကျင်းပ

ရန်ကုန် ဇူလိုင် ၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၂၄) ကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့တော် ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊                                        အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့တော်ဝန်က “(၇၇) နှစ်မြောက် အာဇာနည် နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ ကော်မတီမှ ဌာနများအနေဖြင့်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေး၊ ယခုကာလသည် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်နေသည့်အတွက် ကော်မတီရှိ ရုံးများ၊ ဝန်ထမ်း အိမ်ရာဝင်းများ ရောဂါဖြစ်ပွားမှုမဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက် ထားရှိရေး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ အနေဖြင့်လည်း မြေ အောက်ရေစုကန်၊ မိုးရေစုကန်များတွင် ကလိုရင်းပိုးသတ်ဆေးကို လိုအပ်သလို ဆေးခတ်ပေးရန်၊ ရေကားများ၊ ‌‌ရေသယ်ယာဉ်များ သန့်ရှင်းမှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိရေး” တို့ကို မှာကြား သည်။ 

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။              






သတင်း-မိုးဝေ

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ