ရန်ကုန် ဇူလိုင် ၁၃
၂၀၂၄ ခုနှစ်၊ ရန်ကုန် တိုင်းဒေသကြီး ဒုတိယအကြိမ် မြောက် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင် ဖလား အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ကွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ကျင်းပ သည်။
ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး (ဘော်လီဘော) ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှတာဝန် ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင် ရာ တာဝန်ရှိသူများ၊ မြန်မာ ဘော်လီဘောလူမှုရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများဖိတ် ကြားထားသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီး မြှင့်ပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆု ရသူများနှင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ တွင် စတုတ္ထဆု၊ တတိယဆု၊ ဒုတိယဆုရကြသော အသင်း များကို မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင် များ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် မြန်မာဘော် လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်က ပထမရ တွံတေး မြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသား ဆုနှင့် တံခွန်စိုက်ဆုဖလားကို ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာကော်မတီနာယက တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း က ပထမရ အား / ကာသိပ္ပံ (ရန်ကုန်) အမျိုးသားအသင်း အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆု ဖလားကို ချီးမြှင့်သည်။
အဆိုပါ ပြိုင်ပွဲတွင်အမျိုး သားအသင်း ၁၈ သင်း၊ အမျိုး သမီး ခြောက်သင်း ပါဝင်ယှဉ် ပြိုင်ကြသည်။
အောင်မြင့်ဌေး