နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံ(ဆိပ်ကမ်း)စက်မှုဇုန်၌ ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ဆွေးနွေး

ရန်ကုန်  ဇူလိုင်  ၁၃

အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန်၊ ကနောင်ခန်းမ၌ ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ အလုပ်သမားရေးရာဌာန များက တာဝန်ခံအရာထမ်းများ၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံ များက HR မန်နေဂျာများနှင့် တာဝန်ခံ ကြီးကြပ်သူများ တက် ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး က အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေး ၍ အလုပ်ခန့်ထားပေးခြင်း၊ လုပ်သားများအတွက် အခကြေး ငွေနှင့် အချိန်ပို အခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေ ခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင် ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွား ခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြု စေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရန် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိ ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက် စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာ တာဝန်ခံခန့်အပ်စေခြင်း၊ လုပ်ငန်း ခွင် တည်ငြိမ်အေးချမ်းစေရန် အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) များဖွဲ့စည်း၍ ကြပ်မတ်ဆောင် ရွက်ပေးနေသည့်အပြင် လူမှုဖူလုံ ရေးဥပဒေနှင့်အညီ အာမခံ အလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုး ခံစားခွင့်များ ရရှိခံစားစေခြင်း တို့ကို စည်းကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။

CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီ များဖွဲ့စည်း၍         CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေးအတွက် စက်ရုံရှိ လူသားအရင်းအမြစ်များကို နေရာတကျ အသုံးချ၍ လိုအပ်သည့် ထုတ်ကုန်များကို စံချိန်မီ သတ်မှတ်ရက်အတွင်း ထုတ်လုပ်ပေးရန်လို ကြောင်း၊ လုပ်သားများ၏ သားသမီးများကို အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရ သည့် လူငယ်လူရွယ်များဖြစ်လာစေရေး၊ မှန်ကန် သည့် အတွေးအခေါ် မြော်မြင်မှုများရရှိရေး ပြုစု ပျိုးထောင်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန တာဝန်ခံအရာရှိက အလုပ်သမားရေးရာ ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး နယ်မြေခံ အလုပ်သမားရေးရာ အရာထမ်းများက စက်ရုံလုပ်သားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြကာ အချိန်မရွေးဆက်သွယ် နိုင်မည့် ဖုန်းနံပါတ်များကို ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန်ရှိ Mayfair (Myanmar) Industry Co.,Ltd ၊ Dong Chen Handbag (Myanmar) Co.,Ltd ၊ Golden Island အထည်ချုပ်စက်ရုံနှင့် Yangon Xie Hui ဖိနပ်စက်ရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ စက်ရုံ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင် ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးကာ စက်ရုံအတွင်း လှည့်လည် ကြည့်ရှု၍ လုပ်သားများကို ရင်းနှီးစွာ တွေ့ဆုံ အားပေးသည်။









CN/MNA






အခြားဆက်စပ်သတင်းများ