နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၃

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ရာ ယခုဆိုလျှင် အလင်းဝင်ရောက်လာ သူ  စုစုပေါင်း ၁၂၀ ဦးအား   လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်

အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများ နှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ယခုကဲ့သို့ ကြိုဆိုလက်ခံမှု အခြေအနေများကို နီးစပ်ရာ သက်ဆိုင်သူများကိုပါ ပြောပြပြီး ထပ်မံစည်းရုံး ပေးကြရန် လိုပါကြောင်း၊ အလင်းဝင်ရောက်လာ သူများအနေဖြင့် ပြန်လည်ဝင်ရောက်လာပြီး နောက်ပိုင်းကာလတွင် ကောင်းမွန်စွာ နေထိုင်ကာ နိုင်ငံအကျိုးပြုသူများဖြစ်လာစေရန် ကြိုးစား နေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်မှု မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက် လာသူ ၁၇ ဦးကို မိသားစုဝင်များထံ လွှဲပြောင်း အပ်နှံပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ် များ၏ မိသားစုဝင်များ(ကိုယ်စား) အုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များနှင့် မိသားစု ဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လန်းဆန်းစာဖြင့် တည်ခင်းဧည့်ခံသည်။







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ