နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် လေဆင်နှာမောင်းနှစ်ခုတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၅ ဦးအထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် အလယ်ပိုင်းတွင် လေဆင်နှာမောင်းနှစ်ခု တိုက်ခတ်ခဲ့ခြင်းကြောင့် လူ ၂၅ ဦး သေဆုံး ခဲ့သည်ဟု တင်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလျံလီးက ပြောသည်။ တင်နက်ဆီပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် နက်ရှ်ဗီးလ်မြို့တွင် လေဆင် နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များ၊ တခြားအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့သည်။ လူများအိပ်စက်နေသည့် ညဉ့် သန်းခေါင်ယံအချိန်တွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ရွေ့လျားမှုမြန်ဆန်ခဲ့ခြင်း ကြောင့် လူများအနေဖြင့် ခိုလှုံရာနေရာ ရှာရန် အချိန်မရခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြသည်။ လာမည့်သောကြာနေ့တွင် လေဆင် နှာမောင်းတိုက်ခတ်ခဲ့သည့် တင်နက်ဆီ ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထား ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောသည်။ လက်ရှိအချိန်အထိ လူတော်တော် များများ ပျောက်ဆုံးနေသည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဝီလျံလီးက ဆိုသည်။ နက်ရှ်ဗီးလ်မြို့တွင် ဖြစ်ပျက်နေသည့် အခြေအနေမှာ စစ်ပွဲဇုန်တစ်ခုနှင့် မခြားနားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နက်ရှ်ဗီးလ်မြို့ အရှေ့ဘက် မိုင် ၈၀ အကွာရှိ ပတ်နမ်ကောင်တီတွင် လေဆင်နှာမောင်းဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး လူ ၁၉ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရသူ ၁၅၀ နီးပါးကို ကျန်းမာရေး စင်တာများထံ ပို့ဆောင်ခဲ့သည်ဟု မြို့တော်ဝန် ကူးပါးက ပြောသည်။ ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ခြင်း ကြောင့် မတ်လ ၄ ရက်တွင် နက်ရှ်ဗီးလ် မြို့ မှ စာသင်ကျောင်းများ၊ တရားရုံးများ၊ ပို့ဆောင်ရေးယာဉ်လိုင်းများ ကို ပိတ်ထား ခဲ့ရသည်။ အကြိုရွေးကောက်ပွဲအတွက် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် မဲရုံများကို ဆက်ဖွင့်ထားသော်လည်း မဲရုံ ၄ ခုကို နေရာရွှေ့ခဲ့ရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ