နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖီနာဘာချီအသင်း နည်းပြ မော်ရင်ဟို တိုက်စစ်မှူး မက်ဆီမန်ကို ခေါ်ယူရန် ကြိုးပမ်း

ဇူလိုင် ၁၂

ဖီနာဘာချီအသင်း နည်းပြ သစ် မော်ရင်ဟိုက အသင်း အတွက် ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ဆော်ဒီကလပ် အယ်အာလီအသင်း တိုက်စစ်မှူး မက်ဆီမန်ကို ခေါ်ယူရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

နည်းပြ မော်ရင်ဟိုသည် လာမည့် ဘောလုံးရာသီတွင် ဖီနာဘာချီအသင်းကို စတင် တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ရာ ကစားသမား ခေါ်ယူမှု များ လုပ်ဆောင်နေပြီး တိုက်စစ် မှူး မက်ဆီမန်အား ခေါ်ယူပေး ရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီမန်သည် နယူးကာဆယ်အသင်းတွင် အစောပိုင်း ကစားခဲ့စဉ်က ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အသင်းကို နည်းပြဟိုဝီ တာဝန် ယူကိုင်တွယ်ခဲ့ပြီးနောက် ၎င်း၏ ကစားကွက်နှင့် အံမဝင်သည့် အတွက် ၂၀၂၃ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလက အယ်အာလီအသင်း သို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ် သည်။                              









သူရိန်






အခြားဆက်စပ်သတင်းများ