နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CNN သတင်းဌာနကို အခကြေးငွေပေး ဖတ်ရသည့် ဒစ်ဂျစ်တယ်စနစ် အသွင်ပြောင်းမည်

ဝါရှင်တန်  ဇူလိုင် ၁၂

CNN သတင်းဌာနတွင် အလုပ် သမား ၁၀၀ ခန့်ကို အလုပ်က ထုတ် ပယ်မည်ဖြစ်ပြီး သတင်းဌာနမှ တင်ဆက်မည့် သတင်းများကို အခ ကြေးငွေပေး၍ ဖတ်ရှုရသည့် ဒစ်ဂျစ် တယ်စနစ် ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ် ရန် စီစဉ်နေကြောင်း သိရသည်။

CNN သတင်းဌာနဘက်က ယခုနှစ် မကုန်မီ ပထမဆုံး ဒစ်ဂျစ်တယ်စနစ် ကို  စတင်ရန်  ရည်ရွယ်ထားပြီး ဌာနတွင်  ခန့်အပ်ထားသည့် အလုပ် သမား ၃,၅၀၀ ကို အနည်းငယ် လျှော့ချမည်ဖြစ်ကာ ဒစ်ဂျစ်တယ် စနစ်ကတစ်ဆင့် ဝင်ငွေရသည့်ပုံစံကို ဖန်တီးမည်ဟု စီအီးအို မာ့ခ်သွမ်ဆင် က ပြောသည်။

CNN သတင်းဌာနသည် စာဖတ် ပရိသတ် တိုးပွားမှုရှိသော်လည်း ဝင်ငွေအရ အားနည်းလာခြင်းကြောင့် စပွန်ဆာများ၊ ကြော်ငြာအသစ်များ နှင့် ဖတ်ရှုသူများထံမှ တိုက်ရိုက် ဝင်ငွေရရှိသည့် စနစ်ကို အသုံးပြုမည် ဖြစ်ပြီး AI  စနစ်ဖြင့်လည်း သတင်းများ ဖန်တီးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

CNN ၏ သတင်းများ၊ သုံးသပ်ချက် များနှင့် သတင်းအကြောင်းအရာ များကို လစဉ်ပေး၊ နှစ်စဉ် ပေးများ နှင့် CNN. com ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ရန် ပြင်ဆင်မည်ဖြစ်ပြီး ဗီဒီယိုသတင်းများနှင့် Lifestyle ၊ Feature များကိုလည်း ဖန်တီးသွားမည် ဟု စီးအီးအိုက ပြောသည်။ 

စီအီးအို မာ့ခ်သည် ယခင်က BBC သတင်းဌာနနှင့် The New York Times သတင်းစာတို့တွင် အမှုဆောင်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ဩဂုတ်လကစ၍ CNN ၏ စီအီးအိုအဖြစ် တာဝန်ယူထားသူဖြစ် သည်။                                                                                                      








(ref: Reuters)






အခြားဆက်စပ်သတင်းများ