နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Ariane 6 ဒုံးပျံကို ဥရောပအာကာသအေဂျင်စီ ပထမအကြိမ် လွှတ်တင်

ပဲရစ်  ဇူလိုင် ၁၂

ရန်ပုံငွေဆိုင်ရာ အခြေအတင် ဆွေးနွေးမှုများကြောင့် နှောင့်နှေး ကြန့်ကြာနေသည့် ဥရောပ၏ Ariane 6 ဒုံးပျံကို ဇူလိုင် ၁၁ ရက်က ပထမဆုံး အကြိမ် လွှတ်တင်လိုက်ပြီ ဖြစ်သည်။ 

အမြင့် ၅၆ မီတာရှိသော နောက် ဆုံးပေါ်  Ariane 6 ဒုံးပျံသည် ဥရောပ၏ နှစ်ရှည်ကြာ ဒုံးပျံ စီမံကိန်း ရပ်နားထားပြီးချိန် ပထမဆုံး ပြန် လည်စတင်သည့်  မစ်ရှင်ဖြစ်ကာ တွန်းကန်အားနှင့် လမ်းကြောင်း အနေ အထားကောင်းမွန်ကြောင်း  မစ်ရှင် လွှတ်တင်ရေး ဒါရိုက်တာက ပြော သည်။

လွှတ်တင်ခြင်းမစမီ အချက် အလက်များကို  စစ်ဆေးရာတွင် ဒေတာသိုလှောင်မှုစနစ်၌  ပြဿနာ အနည်းငယ် တွေ့ရှိသော်လည်း စီမံ ထားသည့်အတိုင်း  ဆောင်ရွက်နိုင် ကြောင်း၊ ယခုလွှတ်တင်မှု အဆင်ပြေ ပါက  ဥရောပအေဂျင်စီများ၊ ကုမ္ပဏီများ နှင့် တက္ကသိုလ်များကလည်း ဂြိုဟ်တု များကို စမ်းသပ်လွှတ်တင်မှုများ ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရသည်။

Ariane 6 တီထွင်မှုအတွက် ခန့်မှန်း ချေ ယူရိုလေးဘီလျံ (ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ)ကုန်ကျပြီး ၎င်းကို ၂၀၂၀ ပြည့်နှစ်တွင် အသုံးပြုနိုင်ရန် မူလက သတ်မှတ်ထားသော်လည်း နှောင့်နှေး မှုများရှိခဲ့ကာ ယခုနှစ်တွင် နောက် တစ်ကြိမ် ထပ်မံလွှတ်တင်ရန် စီစဉ် ထားသည်ဟု သိရသည်။       









(ref:AP)






အခြားဆက်စပ်သတင်းများ