နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကမ္ဘာအေးရေကူးရေတွန်းစက်ရုံ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေရေးဆောင်ရွက်နေမှုနှင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ မေဓာဝီဈေးအတွင်း/အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးလှိုင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်၊ ရေကူးရေတွန်း စက်ရုံလမ်းရှိ ကမ္ဘာအေး ရေကူးရေတွန်းစက်ရုံတွင် ရေပေးဝေရာ၌ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ မေဓာဝီလမ်းရှိ မေဓာဝီဈေးအတွင်း/ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို      ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်၊ ရေကူးရေတွန်းစက်ရုံလမ်းရှိ ကမ္ဘာအေးရေကူး ရေတွန်းစက်ရုံက မြို့တော်အတွင်း ရေပေးဝေ ရာတွင် သန့်ရှင်းသော သောက်သုံးရေရရှိနိုင် ရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် (Sodium Hypochlorite) ဆေးဘူးများ ဂိုဒေါင် အတွင်း စုဆောင်းထားရှိမှု၊ မြို့တွင်းသို့ပေးဝေ သည့် ရေပိုက်လိုင်းများအတွင်းသို့ Bisaffection Fecilidies ပိုးသန့်စင်စက်ဖြင့် ကလိုရင်းဆေးခတ် ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ (Portable Chlorine) မီတာဖြင့် ရေအတွင်းပါဝင်သည့် ကလိုရင်းကို ပြန်လည်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရေကူး ရေတွန်းစက်ရုံဝင်းအတွင်းရှိ ရေအလေအလွင့် ဆုံးရှုံးမှုလျှော့ချရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း သင်တန်းခန်းမအတွင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးလှိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာနှင့် တာဝန်ရှိသူများအားတွေ့ဆုံ ပြီး မြို့တော်ဝန်ကအမှာစကားပြောကြားရာတွင် “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မြို့တော် အတွင်းသို့ နေ့စဉ်ရေဂါလန် ၂၃၇ သန်း ပေးဝေ လျက် ရှိပြီး ထိုသို့ပေးဝေရာတွင် ရေလှောင်ကန်ကြီး များမှ လာသည့်ရေများကို ရေစုကန်နှင့် အနည်ထိုင်ကန်များတွင် စနစ်တကျသန့်စင် စေပြီး ကလိုရင်းဆေးခတ်ကာ ရေများပေးဝေ လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် ရောဂါကျဆင်းရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ လူများစည်ကားသည့် ဈေးများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ဗီနိုင်းများချိတ်ဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်အတွင်း ရောဂါဖြစ်ပွားသည့်နေရာများကို သောက်သုံးရေ ဖူလုံစွာ ပို့ဆောင်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း‌ဆောင်ရွက်ပေးလျက်ရှိ ကြောင်း” ပြောကြားသည်။

ထို့နောက် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းက ရန်ကုန်မြို့ ရေပေးဝေရေး သမိုင်းနှင့် ရေလှောင်ကန်ကြီးများမှ မြို့တွင်းသို့ ရေပေးဝေခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ရေပေးဝေရေး တာဝန်ခံအရာရှိ ဒေါ်အိခိုင်မော်က “ရေအရင်းအမြစ်များအား အရည်အသွေးစီမံခန့်ခွဲမှုစနစ်၊ ရေအရည်အသွေးဆိုင်ရာ တိုင်းတာ စစ်ဆေးခြင်း၊ ရေသန့်စင်မှုတိုင်းတာသည့် ဓာတ်ခွဲခန်းများ၊ ရေ အတွင်း ပိုးမွှားများပါဝင်မှု တိုင်းတာခြင်းလုပ်ငန်းများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ရန်ကုန်မြို့တော်စည်ပင်  သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်နှင့် တိုင်းစည်ပင်သာယာရေးအဖွဲ့ ၁၁ မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါစတင်ဖြစ်ပွားသည့် ဇွန်  ၂၅ ရက်မှ ယနေ့အထိ ဖြစ်ပွားမှုနှုန်း နှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မြို့နယ်အလိုက် ရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန္ဒာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြပြီး မြို့တော်ဝန်က တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးလှိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်စန္ဒာနှင့် တာဝန်ရှိသူများသည် ကလိုရင်း ဆေးခတ်ပြီး ရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရေကူးရေတွန်းစက်ရုံဝင်းအတွင်း လိုက်လံကြည့်ရှုကြ သည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်၊ (ဂ) ရပ်ကွက်၊ မေဓာဝီလမ်းရှိ မေဓာဝီဈေးအတွင်း/အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့် အသိပေး နှိုးဆော်ခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြား များ ဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ စျေးအတွင်း ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သားငါး များ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိ၊ အစားအစာများတွင် ဓာတု ဆိုးဆေးများ သုံးစွဲထားမှုရှိ/ မရှိ၊ အသားငါးများ ရောင်းချရာတွင် ယင်လုံပိတ်စများ ဖုံးအုပ်ထားမှုရှိ/မရှိ၊ သန့်စင်ခန်းများသန့်ရှင်းမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကျန်းမာရေးနှင့် ညီညွတ်သည့် အသားငါးများကိုသာ ရောင်းချရန်၊ စျေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစွာ ရောင်းဝယ်ဖောက်ကားကြရန်၊ စျေးအတွင်း ရောင်းချသည့် စျေးသည်များအနေဖြင့် စည်းကမ်းနှင့်အညီ ရောင်းဝယ်ကြရန်၊ စျေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ အစဉ်သန့်ရှင်းမှုရှိစေရန်နှင့် လက်ဆေးနေရာတွင် ဆပ်ပြာများ ထားရှိရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။








သတင်း-မိုးဝေ၊ ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ